www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 31, 2019

ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံ၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်

ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံ၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်
-
ကန့်ဘလူ  ဇန်နဝါရီ  ၃ဝ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲမှုပိုမိုအားကောင်းစေရန် လျှပ်စစ် ဓာတ် အားဖြန့်ဖြူးရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနမှ သိရသည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံတွင် သဖန်းဆိပ်နှင့် ငှက်ပျောတိုင်းအဝင် Switch Bay (2 Bays) အဆင့်မြှင့်တင်ခြင်း၊ 10 MVA ထရန်စဖော်မာ Switch Bay အသစ်ဓာတ်အားလွှတ်ခြင်းနှင့် 33 KV ကျွန်းလှအထွက်လိုင်း ပြောင်းရွှေ့ခြင်း လုပ်ငန်းများကို မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးအောင်သူမြင့် ကြီးကြပ်၍ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ 
-
ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံမှ 5 MVA ထရန်စဖော်မာ အစား 10 MVA ထရန်စဖော်မာဖြင့်  အစားထိုး လဲလှယ်ခြင်းနှင့် 33 KV Switch Bay(1)Set တည်ဆောက်ခြင်း လုပ်ငန်းများကို ADB အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် 200 KVA ထရန်စဖော်မာ ငါးလုံးကို ကန့်ဘလူမြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်၌ ၂ဝ၁၈ ခုနှစ် မေလကတည်ဆောက်ပြီးစီးခဲ့သည်။ 
-
ထို့ပြင် ဓာတ်အားပြတ်ဧရိယာ လျော့နည်းရေးအတွက် အလိုအလျောက် ဓာတ်အားဖြတ် ခလုတ် 11 KV Auto Recloser သုံးလုံး၊ 33 KV Sectionalizer တစ်လုံး၊ Fault Passage Indicator သုံးလုံးတပ်ဆင်ပြီးစီးခဲ့ပြီး အဆိုပါခေတ်မီလိုင်း ကာကွယ်ပစ္စည်းများ တပ်ဆင်ခြင်းဖြင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားပါက ဖြစ်ပွားသည့် အပိုင်းကို ချက်ချင်း သိရှိနိုင်ပြီး ကျန်ဧရိယာများအား ဆက်လက်ဓာတ်အား ဖြန့်ဖြူးပေးထားနိုင်ကြောင်း သိရသည်။ 
-
ကန့်ဘလူမြို့ 33/11 KV ဓာတ်အားခွဲရုံတွင် 10 MVA ထရန်စဖော်မာ အစားထိုးလဲလှယ်ခြင်း၊  33 KV Switch Bay(1)Set တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါကကန့်ဘလူမြို့နယ်အတွင်း လက်ရှိလျှပ်စစ် သုံးစွဲသူများနှင့် ထပ်မံတိုးချဲ့ တည်ဆောက်မည့် ကျေးရွာများသို့ ဓာတ်အားနိုင်နင်းစွာ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger