www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 12, 2018

GOLDEN EUROPE AWARD FOR QUALITY 2018 ဆု မြဝတီဘဏ် လီမိတက် ရရှိ

Golden Europe Award For Quality 2018 ဆု မြဝတီဘဏ် လီမိတက် ရရှိ
-
ရန်ကုန်  ဒီဇင်ဘာ  ၁၁ 
-
ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ခေါင်းဆောင်များအသင်း (Global Trade Leader's Club)က Golden Europe Award For Quality 2018 ဆုချီးမြှင့်ပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Meridien Hotel၌ ကျင်းပရာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကုမ္ပဏီပေါင်း ၃ဝ  တက်ရောက်ခဲ့ပြီး  ဆုရရှိသည့် အဖွဲ့အစည်းများ အနက် Financial Sector အနေဖြင့် International Bank များဖြစ်သည့် CAC International Bank  (DJI-BOUTI)? NEPAL KHADHYA Bank.Ltd(Nepal) နှင့် မြဝတီဘဏ် လီမိတက်တို့ ပါဝင်ခဲ့သည်။
-
ယင်းဆုအား ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဦးစားပေး ရွေးချယ်၍ ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါ ပွဲသို့ မြန်မာနိုင်ငံမှ မြဝတီဘဏ် လီမိတက်နှင့် Mayyu Land International Services Co., Ltd. တို့မှ တက်ရောက်ခဲ့ပြီး ပြင်သစ် သံမှူးကြီး ဦးသိန်းမင်းထွန်း၊  မြဝတီဘဏ် လီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးယုလွင်နှင့် Independent Director ဦးကျော်မြင့်တို့က ဆုလက်ခံ ရယူခဲ့သည်။
-
အဆိုပါဆုများကို အသင်း၏ အဖွဲ့ဝင် စက်မှုနှင့်  ဝန်ဆောင်မှု ကဏ္ဍများဆိုင်ရာ ကုမ္ပဏီများ၏ ထောက်ခံချက်များ၊ အသင်းဝင်များကြား  နှစ်စဉ်ပြုလုပ်သည့် အချက်အလက် လေ့လာရှာဖွေမှုများမှ  တစ်ဆင့် ပထဝီနယ်မြေတစ်ခုချင်း အလိုက် ကဏ္ဍတစ်ခုချင်းစီ၏ အကြံပြုချက်များအပေါ် အခြေခံ၍ ပေးအပ်ခြင်းဖြစ်သည်။ ထို့ပြင် အစိုးရနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ သတင်း အချက်အလက်များကို ကိုင်တွယ်ရသည့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်နှင့် စီးပွားရေး ဆက်သွယ်ရေး အထူးကျွမ်းကျင်သည့်  အဖွဲ့အစည်းများဖြစ်သောကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းများ၊ သံရုံးများရှိ ကူးသန်းရောင်းဝယ်ရေးရုံးများ၊    ကုန်သွယ်ရေးပြပွဲများ၊ အတိုင်ပင်ခံ အကြံပေး ကုမ္ပဏီများ၊ မီဒီယာများမှ တစ်ဆင့် ရရှိသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ကြောင်း သိရသည်။
-
ကမ္ဘာလုံးဆိုင်ရာ အသင်း၌ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ အမျိုးမျိုးတွင် လုပ်ကိုင်နေကြသော ခေါင်းဆောင်များ ပါဝင်ပြီး World Bank ၊ International Finance Corporation(IFC) ၊ Asian Development Bank (ADB) ၊ Oxford Business Group (OBG) စသည့်  နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင်   အသင်းဝင်  နိုင်ငံပေါင်း  ၉၅ နိုင်ငံမှ အဖွဲ့ဝင် ၇၅ဝဝ ရှိကြောင်း၊ ယခုဆုရရှိခြင်းဖြင့် အလိုအလျောက် အသင်းဝင်ဖြစ်သွားပြီး အသင်းကြီး၏ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာသည့်အတွက် တခြားနိုင်ငံပေါင်း ၉ဝ  ကျော်မှ  စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါဆုကို ကမ္ဘာအနှံ့အပြားမှ စီးပွားရေး လုပ်ငန်းများ၏ တီထွင်ကြံဆမှုနှင့် အရည်အသွေးရှိမှု တို့ကို အသိအမှတ်ပြုသည့် အနေဖြင့် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။        
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger