www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

မိတ္ထီလာမြို့နယ်၌ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်လှစ်

မိတ္ထီလာမြို့နယ်၌ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်လှစ်
-
မိတ္ထီလာ ဒီဇင်ဘာ ၃ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် (ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးမုခ်ဦး၌ ကျင်းပ သည်။ ရှေးဦးစွာ အခမ်းအနားကို   မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ပညာရှင် ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
-
''ကျောင်းသား၊ ကျောင်းသူတွေနဲ့ အများပြည်သူတွေ စာအုပ်စာပေ ပိုမိုလေ့လာဖတ်ရှုနိုင်ဖို့၊ အသိပညာ ဗဟုသုတတွေ ရရှိစေဖို့နဲ့ သုတရသစာအုပ်၊ ပုံပြင်စာအုပ်၊ အင်္ဂလိပ်စကားပြော စာအုပ်၊ သမိုင်းသုတဆိုင်ရာ စာအုပ်၊ ကျောင်းသား ၊ ကျောင်းသူသုံး စာအုပ်စတာတွေကို တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူနိုင်ဖို့၊ ကလေးငယ်လေးတွေ စာအုပ်စာပေ ချစ်မြတ်နိုးတဲ့စိတ်တွေ၊ စာဖတ်တဲ့ အလေ့အထတွေ ပိုမိုမြင့်မားလာအောင် ဆောင်ရွက်ပေး တာဖြစ်ပါတယ်။ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူးပြီး ရန်ကုန်မြို့ နန်းတော်ဝင်စာပေမှ စာအုပ်ဆိုင် ၂ဝ ကျော်နဲ့ ဒီဇင်ဘာ ၅ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးမှာဖြစ်ပါတယ်''ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိက ပြောသည်။
-
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စာရေးဆရာ အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စာပေချစ်သူများ၊ ကျောင်းသား၊ ကျောင်းသူများက ရုံးဝင်းအတွင်း၌ ခင်းကျင်းပြသ ထားသည့် စာအုပ်စာပေများနှင့်အတူ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းဂိမ်းပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက် ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger