www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ပွဲကျင်းပရန် မန်းချောင်း သဲသောင်ပြင်ပြုပြင်မှု ၉၅ ရာခိုင်နှုန်းကျော်ပြီးစီး

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ပွဲကျင်းပရန်  မန်းချောင်း သဲသောင်ပြင်ပြုပြင်မှု ၉၅ ရာခိုင်နှုန်းကျော်ပြီးစီး
-
မင်းဘူး  ဒီဇင်ဘာ  ၂၅ 
-
မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲ ကျင်းပရန် မန်းချောင်းသဲသောင်ပြင် ပြုပြင်ခြင်းလုပ်ငန်းများ ၉၅ ရာခိုင်နှုန်းကျော်ပြီးစီး သွားပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်သိန်း ထံမှ သိရသည်။ မန်းစက်တော်ရာဘုရားပွဲတော် ကွင်းသောင်ပြင်ခြင်း လုပ်ငန်းအတွက် ယခင်နှစ်က ငွေကျပ်သိန်း ၄ဝဝ ဝန်းကျင်သာ ကုန်ကျ မှုရှိခဲ့သော်လည်း  ယခုနှစ်တွင် သောင်ပြင်သည့် ကာလအချိန်တိုသွား၍ နေ့ရောညပါ စက်အား လူအားစိုက် ထုတ်လုပ် ဆောင်နေရကာ   ငွေ ကျပ်သိန်း  ၁ဝဝဝ  ဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။ 
-
သောင်ပြင်စရိတ် ပိုလာမည်ဖြစ်သော် လည်း ရေစပ်တည်းခိုဆောင်များပိုထွက်လာ မည်ဖြစ်၍ ရေစပ်တွင်တည်း လိုသည့် ဘုရားဖူး များအတွက် အဆင်ပြေမည်ဖြစ်ပြီး ယခင်နှစ် များကထက် တည်းခိုဆောင်လုပ်ငန်းမှ ရရှိ မည့် ရန်ပုံငွေမှာ လည်း ပိုလာမည်ဖြစ်ကြောင်း  သိရသည်။ သောင်ပြင်လုပ်ငန်း အတွက် ၁၉၉၅ ခုနှစ် မှ ၂ဝဝ၅ ခုနှစ်အထိ ဆည်မြောင်းဦးစီးဌာနမှယာဉ်၊ ယန္တရား၊ ပညာရှင်များနှင့် စက်သုံး ဆီပါ အကုန်အကျခံ ကုသိုလ်ယူဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြင်ဆင်ချိန် ကာလတိုတောင်း၍ အချိန်မီပြီးစီးရန် ပြင်ပ ကုမ္ပဏီမှ ယာဉ်၊ ယန္တရားများ ငှားရမ်းရခြင်း တို့ကြောင့် ကုန်ကျစရိတ်ပိုမိုများပြားရခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။ 
-
၂ဝဝ၅ ခုနှစ်နောက်ပိုင်းတွင် ဂေါပက အဖွဲ့က ဆည်မြောင်းမှ အကူအညီပေးသည့်  စက်ယန္တရားဆီဖိုးကိုကျခံပြီး   သောင်ပြင် လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ဆည်မြောင်းဌာနမှ ဘက်ဟိုး သုံးစီး၊ ဒိုဇာ နှစ်စီးသာပေးနိုင်၍ ပြင်ပကုမ္ပဏီမှ ဘက်ဟိုး ငါးစီး၊  ဒိုဇာ လေးစီး၊  ဖောကား လေးစီး၊  ထွန်စက်နှစ်စီးငှားရမ်း အသုံးပြုနေရကြောင်း သိရသည်။ 
-
အဆိုပါလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်မှစ၍  နေ့စဉ် နံနက် ၆ နာရီမှ ည ၁ဝ နာရီအထိဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီး နေပြီဖြစ်ကြောင်းနှင့် မန်းစက်တော်ရာဘုရား ပွဲတော်ကို တပို့တွဲလ ဆန်း ၅ ရက်မှ နှစ်ဆန်း နှစ်ရက်နေ့အထိ  အချိန်နှစ်လကျော် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger