www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2018

ဆောင်းခိုငှက်များကိုဖမ်းဆီးရောင်းချမှုများရှိနေ၍ တားဆီးပေးစေလို

ဆောင်းခိုငှက်များကိုဖမ်းဆီးရောင်းချမှုများရှိနေ၍ တားဆီးပေးစေလို
-
မင်းပြား ဒီဇင်ဘာ ၁၃
-
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စွန်ရဲကျေးရွာ အနီးဝန်းကျင်ရှိ လယ်ကွင်း၊ ချောင်းစပ်များ၌ ဆောင်းရာသီ ရောက်တိုင်း နှစ်စဉ်လာရောက်နေကျဖြစ်သည့် ဆောင်းခိုငှက်များကို အာကာ ပိုက်၊ လေသေနတ်တို့ဖြင့် ဖမ်းဆီးသတ်ဖြတ်ကာ ရောင်းချမှုများ ရှိနေသဖြင့် တားဆီးပေးစေ လိုကြောင်း မင်းပြားမြို့နယ် ဒေသခံများထံမှ သိရသည်။ အဆိုပါ ဆောင်းခိုငှက်များသည် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် အုပ်စုဖွဲ့ကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့သို့ လာရောက်လေ့ရှိပြီး စပါး၊ ရေမှော်၊ ခရု၊ ငါး၊ ပုစွန်၊ ကဏန်းငယ်များကို စားသောက်ကာ ဆောင်းရာသီအကုန် မတ်လ တွင် ပြန်လည်ထွက်ခွာ သွားလေ့ရှိသည်။ ငှက်အမျိုးအစားများမှာ ဘဲဟင်္သာ၊ ဘဲရှူး၊ ဘဲပြာနှင့် ဆိုက်ဘေးရီးယား ဘဲငန်းတို့ဖြစ်ကြသည်။ 
-
ဆောင်းခိုငှက်များသည် တရုတ်ပြည် မြောက်ပိုင်းဒေသများမှ ရာသီဥတုဆိုးရွားမှုကြောင့် အအေးပေါ့သော ရခိုင်ပြည်နယ်ဘက်ကို လာရောက်ကြခြင်းဖြစ်ပြီး ယခုလိုငှက်များကို ဖမ်းဆီး သတ်ဖြတ်နေခြင်းကြောင့် ရေဘဲငှက်နှင့် ဆင်သော ဘဲရှူးငှက်ငယ်များ နှင့်အကောင်ကြီးမျိုး ဖြစ်သော ဆိုက်ဘေးရီးယား ဘဲငန်းများ၏ လာရောက်မှုမှာ လျော့ကျသွားသဖြင့် ဖမ်းဆီး သတ်ဖြတ်နေမှုကို အချိန်မီတားဆီး ပေးစေလိုကြောင်း မင်းပြားမြို့ ဒေသခံများထံမှ သိရ သည်။ 
-
(၄ဝ၈)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger