-
နေပြည်တော်၊ ဒီဇင်ဘာ - ၁၉
-
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ကျောင်းဆင်း ဗိုလ်လောင်းများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
-
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ တပ်မတော်အရာရှိကြီးများနှင့် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်တွင် နေရာယူကြသည်။ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးက ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်း စီအား ပြန်တမ်းဝင် ခန့်အပ်လွှာများ ပေးအပ်သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment