www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်(၃ဝ)ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်(၃ဝ)ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ
-
ရန်ကုန်  ဒီဇင်ဘာ ၂၇ 
-
အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ်(၃ဝ)ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)ရှိ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်သည်။ 
-
နှစ်ပတ်လည် ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ ချမ်းမြေ့ရိပ်သာ ဆရာတော် အရှင်ဇနကာဘိဝံသ အမှူးပြု သော သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာယူကာ ရေစက်သွန်းလောင်းအမျှပေးဝေသည်။ 
-
မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး  ဒေါ်ခင်ကြည်အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာဆုတောင်းမေတ္တာများ ပို့သကြ သည်။ 
-
ဘာသာပေါင်းစုံ ဆုတောင်းခြင်း အခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ဘဟာအီ ဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကား ပြောကြားခြင်းနှင့်ဆုတောင်း မေတ္တာပို့သခြင်းများကို ပြုလုပ်ခဲ့ကြသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger