www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားရသဖြင့် တခြားလုပ်ငန်းများကဲ့သို့ လုပ်သားရှားပါးမှု တွေ့ကြုံရခြင်း မရှိ

ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားရသဖြင့် တခြားလုပ်ငန်းများကဲ့သို့ လုပ်သားရှားပါးမှု တွေ့ကြုံရခြင်း မရှိ
-
ရန်ကုန်   ဒီဇင်ဘာ   ၂၇
-
ယခုနှစ်အတွင်း  အမေရိကန်ဒေါ်လာ ဈေးမြင့်တက်ခဲ့သဖြင့် ကုန်ကျစရိတ်များ မြင့်တက်လာကာ ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားထားခြင်းကြောင့် တခြားလုပ်ငန်း များကဲ့သို့   လုပ်သားရှားပါးမှုနှင့် တွေ့ကြုံရခြင်း မရှိကြောင်း iMyanmar House.com မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူထံမှ သိရသည်။ 
-
ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို    ပြည်ပနိုင်ငံတို့မှ  ဝယ်ယူနေရာ  အမေရိကန်ဒေါ်လာဈေး  မြင့်တက်လာခြင်းကြောင့်   လုပ်ငန်းတချို့   ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ရပ်ဆိုင်းလိုက်ရသည့် လုပ်ငန်းခွင်များမှ  လုပ်သားများသည်  ဆက်လက် လည်ပတ်နေသော လုပ်ငန်းခွင်များသို့ သွားရောက်လုပ်ကိုင်သဖြင့်  လုပ်သားရှားပါးမှုနှင့် မတွေ့ကြုံခြင်းဖြစ်သည်။ 
-
ထို့ပြင်  စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် အင်ဂျင်နီယာအပါအဝင် ဆောက်လုပ်ရေး ကျွမ်းကျင်လုပ်သားများလည်း ပြည်တွင်းသို့  ပြန်လည် ဝင်ရောက်လာသဖြင့် လုပ်သားရှားပါးမှု နည်းပါးလာကြောင်း သိရသည်။ 
-
ယခင်  ဆောက်လုပ်ရေးလုပ်ငန်းများ  ဈေးကွက်ကောင်းမွန်ချိန်က လုပ်သားရှားပါးသဖြင့် လုပ်သားရရှိရန်  ဈေးနှုန်းအပြိုင်အဆိုင် တိုးမြှင့်ပေးခဲ့ရသည်။ မြန်မာနိုင်ငံ၏  လုပ်သား  ၈ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍတွင်သာ  လုပ်ကိုင်လျက်ရှိပြီး   ပြည်ပနိုင်ငံတို့သို့  ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းနှင့် ကျေးလက်မှ  မြို့ပြသို့ ရွှေ့ပြောင်းသည့် အချိုးများလာသဖြင့်  လုပ်သားဈေးကွက်ပါ  ပြောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger