www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ ဟိုင်းကြီးကျွန်း အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ ဟိုင်းကြီးကျွန်း အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်      ဒီဇင်ဘာ     ၂ 
-
ရန်ကုန်တိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်သို့ တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည်  ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူ ၁၄၇၆ ဦးအား အဆိုပါမြို့ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၃၆ ဦး၊ ခွဲစိတ်ရောဂါ ၁၂၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၂၁ ဦး၊ ကလေးရောဂါ ၁၂၉ ဦး၊ အရိုးရောဂါ ၁ဝ၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၈၁ ဦး၊ မျက်စိရောဂါ ၃၂၂ ဦးနှင့် သွားရောဂါ ၁၆ဝ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
-
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၅၁ ဦး၊ ဓာတ်ခွဲစမ်းသပ် လူနာ ၂၈၄ ဦး၊ ECG နှလုံး စမ်းသပ်လူနာ ၂၂၉ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၂၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ 

ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၃၈ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger