www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ အားကစားလ(ပထမပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

၂ဝ၁၈  ခုနှစ် ဒီဇင်ဘာ အားကစားလ(ပထမပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်
-
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာအားကစားလ(ပထမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။
-
-
ထိုသို့စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံတပ်အားကစားကွင်း၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနား တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ကြီးတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ကျိုင်းတုံတပ်နယ် အားကစားကွင်း၌လည်း ကောင်း၊အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ရွှေနတ်တောင်အားကစားကွင်း၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် မြိတ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ တပ်နယ်အသီးသီး အလိုက်စုပေါင်းလမ်းလျှောက်ပွဲများကို တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မန္တလေးတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမရှေ့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ငူတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌ လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြသည်။
-
-
-
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာ အားကစားလ(ပထမပတ်)စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger