www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 24, 2018

12TH LION CUP တစ်ဦးချင်းနှင့် အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာ ပထမရရှိ

12th Lion Cup တစ်ဦးချင်းနှင့် အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာ ပထမရရှိ
-
နေပြည်တော်   ဒီဇင်ဘာ၂၃ 
-
မြန်မာနိုင်ငံတွင်  အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ် အရှေ့တောင်အာရှအပျော်တမ်း အသင်းလိုက် တံခွန်စိုက် ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်  ၇ နာရီခွဲမှစ၍ နေပြည် တော် မြို့တော် ဂေါက်ကွင်း၌  ကျင်းပရာ 12th Lion Cup တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာက ပထမ ရရှိသည်။ 
-
အရှေ့တောင်အာရှ အပျော်တမ်း အသင်းလိုက်  တံခွန်စိုက်ဖလားပြိုင်ပွဲတွင် 12th Lion Cup၊ 58th  Putra Cup ၊ 10th Santi Cup နှင့် 5th Kartini Cupပြိုင်ပွဲများကို အိမ်ရှင်မြန်မာ အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဟောင်ကောင်၊ စင်ကာပူ၊  ထိုင်းနှင့် ဖိလစ်ပိုင်တို့မှ အားကစားသမား ၉ဝ ခန့်သည်  ဒီဇင်ဘာ ၂ဝ ရက်မှ ၂၃ ရက်အထိ နေပြည်တော်ရှိ  မြို့တော်ဂေါက်ကွင်း၌  ပြိုင်ပွဲအမျိုးအစားအလိုက် အသီးသီး ယှဉ်ပြိုင် ကစားကြသည်။ 
-
အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် 12th Lion Cup ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက် ပြိုင်ပွဲတွင် ပထမရရှိသည်။  5th Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင်  သင်းဝေခိုင်(မြန်မာ)ကဒုတိယရရှိသည်။ မြန်မာ အသင်းသည် 58th Putra Cup/10th Santi Cup ပြိုင်ပွဲများတွင် ဆုတံဆိပ်များ နှင့်လွဲချော် ခဲ့ရသည်။ အမျိုးသား ပွဲစဉ်များ အဖြစ် 12th Lion Cup တစ်ဦးချင်းပြိုင်ပွဲတွင် ပြည့်ဖြိုးသူ(မြန်မာ)က လေးရက်ပေါင် ရိုက်ချက် ၂၉ဝ ဖြင့် ပထမ၊ ထိုင်းက လေးရက်ပေါင်းရိုက်ချက် ၂၉၇ ချက်ဖြင့် ဒုတိယ၊ စင်ကာပူက လေးရက်ပေါင်းရိုက်ချက် ၃ဝဝ ဖြင့် တတိယ ရရှိသည်။ 
-
12th Lion Cup အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာ အသင်းက လေးရက်ပေါင်းရိုက်ချက် ၅၉ဝ ဖြင့်  ပထမ၊ ထိုင်းအသင်းက လေးရက် ပေါင်းရိုက်ချက်  ၅၉၂  ချက်ဖြင့် ဒုတိယ၊  အင်ဒိုနီးရှားအသင်းက လေးရက်ပေါင်းရိုက် ချက် ၅၉၈ ချက်ဖြင့် တတိယ ရရှိသည်။ 58th Putra Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ထိုင်းက ပထမ၊ ဟောင်ကောင်က ဒုတိယ၊ ထိုင်းက တတိယရရှိသည်။ 58th Putra Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊  ဖိလစ်ပိုင်အသင်းက  ဒုတိယ၊  စင်ကာပူ အသင်းက တတိယ ရရှိသည်။ 
-
အမျိုးသမီး ပွဲစဉ်များ အဖြစ်  10th Santi Cup တစ်ဦးချင်းပြိုင်ပွဲတွင် ဖိလစ်ပိုင်က ပထမနှင့် ဒုတိယ၊ ထိုင်းက တတိယရရှိသည်။ 10th  Santi Cup အသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ မလေးရှားအသင်းက တတိယရရှိသည်။ 5thKartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် ထိုင်းက ပထမ၊ သင်းဝေခိုင်(မြန်မာ)က ဒုတိယ၊  ဖိလစ်ပိုင်က တတိယ ရရှိသည်။ 58th Putra Cupအသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊  ဖိလစ်ပိုင် အသင်းက ဒုတိယ၊ မလေးရှား အသင်းက တတိယ အသီးသီးရရှိကြသည်။ 
-
အဆိုပါ ပြိုင်ပွဲများအပြီး ဆုပေးပွဲ အခမ်း အနားကို  ညနေ  ၃နာရီတွင် မြတ်နန်းယုံ ဟိုတယ်၌ကျင်းပရာ ဆုရရှိသူများကို  အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger