www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ရောက်ရှိ၊ အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး အကြိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ရောက်ရှိ၊ အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး အကြိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်
-
နေပြည်တော်၊ နိုဝင်ဘာ -၂၆
-
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား လေဆိပ်၌ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးစိန်ဦး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) စစ်သံမှူး ဗိုလ်မှူးချုပ် သက်ထွန်းအောင်၊ မလေးရှား တပ်မတော်မှ Army Research and evaluation division Director Colonel Rashidin Hashimi bin Ad Rashid နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
-
ယင်းနောက် မြန်မာတပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ကွာလာလမ်ပူ လေဆိပ်မှ မော်တော်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာလာရာ ခေတ္တတည်းခိုမည့် မလက္ကာမြို့ရှိ Casa del Rio Hotel သို့ ရောက်ရှိရပ်နားခဲ့သည်။
-
ညပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် မလေးရှား ကြည်းတပ်ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi က မလက္ကာမြို့ရှိ The River Grill ၌ကြိုဆိုဧည့်ခံသည့် (19th ASEAN Chiefs of  Army Multilateral Meeting- 19th ACAMM) အကြိုဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့်အတူ တက်ရောက်သည်။
-
-
အကြိုဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အာဆီယံ တပ်မတော်များမှ ကြည်းတပ်ဦးစီးချုပ်များအား မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး မလေးရှားကြည်းတပ် ယဉ်ကျေးမှုအဖွဲ့၏ ဧည့်ခံဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုညစာအား အတူတကွ သုံးဆောင်ခဲ့ကြသည်။
-
-
-
ညစာသုံးဆောင်အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် အာဆီယံကြည်းတပ် ဦးစီးချုပ်များနှင့်အတူ Malacca မြစ်တွင်းသွား သင်္ဘောဖြင့် မလက္ကာမြို့၏ ညအလှရှုခင်းများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger