www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2018

ဒေသန္တရ ဝါးဆစ်နင်းမိုင်းဟောင်း တစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

ဒေသန္တရ ဝါးဆစ်နင်းမိုင်းဟောင်း တစ်လုံး  နင်းမိပေါက်ကွဲ၍ ဒေသခံ ပြည်သူတစ်ဦး ဒဏ်ရာရရှိ
-
နေပြည်တော်  နိုဝင်ဘာ  ၎
-
 ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ကျေးရွာ(စံပြ)ရပ်ကွက်နေ မောင်ချစ်မင်းဦး (ဘ) ဦးမင်းမင်းသည် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တောထဲသို့ ထင်းခုတ်သွားရောက်စဉ် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇၆ဝဝ ခန့် အကွာသို့ အရောက်၌ ဒေသန္တရလက်လုပ် ဝါးဆစ်မိုင်းဟောင်း တစ်လုံးနင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
-

-
မိုင်းထိလူနာအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မှ တပ်မတော်သားများက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger