www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2018

မြန်မာရှေးဟောင်း ဘုန်းတော်ကြီးကျောင်း အင်္ဂါရပ်နှင့်ပြည့်စုံသော အနုလက်ရာမြောက် ဓမ္မိကာရာမ ရွှေကျင်ကျောင်းတော်

မြန်မာရှေးဟောင်း ဘုန်းတော်ကြီးကျောင်း အင်္ဂါရပ်နှင့်ပြည့်စုံသော အနုလက်ရာမြောက် ဓမ္မိကာရာမ ရွှေကျင်ကျောင်းတော်
-
မန္တလေး နိုဝင်ဘာ ၂၉ 
-
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ရွှေကျင်ရပ်ကွက်ရှိ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီး၏ ကုသိုလ်တော် ဓမ္မိကာရာမ ရွှေကျင်ကျောင်းတော်ကြီးမှာ မြန်မာရှေးဟောင်း ဘုန်းတော်ကြီးကျောင်း အင်္ဂါရပ်နှင့် ပြည့်စုံသော အနုလက်ရာမြောက် ကျောင်းတော်ဖြစ်သည်။
-
ဓမ္မိကာရာမရွှေကျင် ကျောင်းတော်ကြီးမှာ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး သီတင်းသုံးခဲ့သော ကျောင်းဖြစ်ပြီး ကျောင်းတော်ကြီးမှာ သပ်ရပ်သန့်ရှင်းကာ ပန်းပုအပြောက်အမွမ်းဖြင့် ခံ့ညားလှသည်။ နက်မှောင်သော အရောင်နှင့် အတူ ကျောင်းဦးပြာသာဒ်မှာ ဘုံခုနစ်ဆင့်၊ စနုဆောင်၊    ဘောဂဆောင်များ ပါဝင်ပြီး သစ်သားများနှင့်   တည်ဆောက်ထားသော လက်ရာမြောက် ကျောင်းတော်ကြီးဖြစ်သည်။
-
ကျောင်းတော်ကြီး ဖြစ်ပေါ်လာပုံမှာ သက္ကရာဇ် ၁၈၆ဝ ပြည့်နှစ်တွင် ပဉ္စမသင်္ဂါယနာတင်   မင်းတုန်းမင်း တရားကြီးသည် ရွှေကျင်သာသနာပိုင် ဆရာတော် ဦးဇာဂရအား မန္တလေးမြို့သို့ ပင့်ဆောင်ပြီး မန္တလေးတောင်ခြေ မြောက်ဘက်တွင် သီတင်းသုံးရန် လှူဒါန်းခဲ့ပြီး ကျောင်းတော်ကို မဟာဓမ္မိကာ ရာမတိုက်ဟု ခေါ်တွင်သည်။
-
ရွှေကျင်ကျောင်းတိုက်နှင့် အတူ မင်းကင်းတိုက်၊ မြတောင်တိုက်၊ ထရံကာတိုက်၊ မိုင်းလုံရမည်းသင်း(မိတ္ထီလာတိုက်)ဟု ခေါ်တွင်သောအရန်ကျောင်းကြီး လေးဆောင်ကိုပါ ဆောက်လုပ်လှူဒါန်းခဲ့သည့် အတွက် ရွှေကျင်ငါးတိုက်အဖြစ် ထင်ရှားသည်။
-
ယခုအခါ ခမ်းနားလှပသော ဓမ္မိကာရာမ ရွှေကျင်ကျောင်းတော်ကြီးမှာ ရှေးခေတ်ဘုန်းတော်ကြီး ကျောင်းများ အင်္ဂါရပ်များနှင့် အညီတွေ့မြင်နိုင်သော ကျောင်းတော်အဖြစ် တည်ရှိနေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger