www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 19, 2018

ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု)ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတစ်ခု၊ ငွေတစ်ခုနှင့် ကြေးတစ်ခု ထပ်မံရရှိ

ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု)ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတစ်ခု၊ ငွေတစ်ခုနှင့် ကြေးတစ်ခု ထပ်မံရရှိ
-
ရန်ကုန် နိုဝင်ဘာ ၁၈ 
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကမ္ဘာ့ဝူရှူးအားကစားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက် လု) အားကစား ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင် ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပရာ မြန်မာနိုင်ငံက ရွှေ တစ်ခု၊ ငွေတစ်ခုနှင့်ကြေးတစ်ခု ထပ်မံဆွတ်ခူး ရရှိခဲ့သည်။
-
ရှေးဦးစွာ နံနက်ပိုင်းပွဲစဉ်အဖြစ် အမျိုးသား Gun shu ပြိုင်ပွဲကိုစတင်ကျင်းပရာ ရုရှားနိုင်ငံက ပထမ၊ တရုတ်(တိုင်ပေ) က ဒုတိယ၊ ကိုရီးယား နိုင်ငံက တတိယ၊ အမျိုး သမီး Gun shu ပြိုင်ပွဲတွင် ဟောင်ကောင်က ပထမ၊ ရုရှားနိုင်ငံက ဒုတိယ၊ ဗီယက်နမ် နိုင်ငံက တတိယ၊ အမျိုးသား Qiang shu ကျန်းစုပြိုင်ပွဲတွင် မလေးရှားနိုင်ငံက ပထမ၊ ဂျပန်နိုင်ငံ က ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံက တတိယ၊ အမျိုးသမီး Qiang shu ကျန်းစုပြိုင်ပွဲတွင် မလေးရှား နိုင်ငံက ပထမ၊ မြန်မာနိုင်ငံမှ စန္ဒီဦး က ဒုတိယ၊ ဂျပန်နိုင်ငံ က တတိယ၊ အမျိုးသား Nan quan ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံက ပထမ၊ ဖိလစ်ပိုင် နိုင်ငံက ဒုတိယ၊ မကာအို နိုင်ငံက တတိယ၊ အမျိုးသမီး Nan quan ပြိုင်ပွဲတွင် ဟောင်ကောင်က ပထမ၊ ဗီယက်နမ် နိုင်ငံက ဒုတိယ၊ မြန်မာနိုင် ငံမှ အေးသစ္စာမြင့်က တတိယတို့ အသီးသီးရရှိသည်။
-
ပြိုင်ပွဲများ အပြီးတွင် ဆုပေးအပ်ပွဲကို ကျင်းပရာ အမျိုးသား Gun shu ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသမီး Gun shu ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသား Qiang shu ကျန်းစု ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသမီး Qiang shu ကျန်းစု ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသား Nan quan ပြိုင်ပွဲတွင် ဆုရရှိကြသူများ နှင့် အမျိုးသမီး Nan quan ပြိုင်ပွဲတွင် ဆုရရှိ ကြသူများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး နှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြသည်။
-
ဆက်လက်၍ ညနေပိုင်းပွဲစဉ်အဖြစ် အမျိုးသား Taijijian  ပြိုင်ပွဲကျင်းပရာ မြန်မာနိုင်ငံ မှ ငြိမ်းချမ်းကိုကိုက ပထမ၊ ဟောင်ကောင်က ဒုတိယနှင့် တတိယဆုကိုလည်းကောင်း၊ အမျိုး သမီး Taijijian  ပြိုင်ပွဲတွင် ဟောင်ကောင် က ပထမ၊ ဗီယက်နမ်က ဒုတိယ၊ မလေးရှားက တတိယဆုကို လည်းကောင်း၊ အမျိုးသား Duel  ပြိုင်ပွဲတွင် ယူကရိန်းက ပထမ၊ အိန္ဒိယက ဒုတိယဆုကို လည်းကောင်း၊ အမျိုးသမီး Duel ပြိုင်ပွဲတွင် မလေးရှားက ပထမ၊ မကာအိုက ဒုတိယ၊ အမေရိကန်က တတိယဆုကိုလည်း ကောင်း အသီးသီးဆွတ်ခူးရရှိသွားသည်။
-
ပွဲစဉ်များအပြီးတွင် ဆုပေးအပ်ပွဲကျင်းပရာ အမျိုးသား Taijijian ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်တို့က လည်းကောင်း၊ အမျိုးသမီး Taijijian  ပြိုင်ပွဲတွင် ဆုရရှိကြ သူများကို ကမ္ဘာ့ဝူရှူး အဖွဲ့ချုပ် အမြဲတမ်းဒုတိယ ဥက္ကဋ္ဌ Anthony Goh နှင့်မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်တို့က လည်း ကောင်း၊ အမျိုးသား Duel  ပြိုင်ပွဲတွင် ဆုရရှိကြသူများကို အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့ကလည်းကောင်း၊ အမျိုးသမီး Duel ပြိုင်ပွဲတွင် ဆုရရှိကြ သူများကို မြန်မာနိုင်ငံ ဝူရှူး အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးခင်မောင်လေး နှင့် ကမ္ဘာ့ဝူရှူး အားကစား အဖွဲ့ချုပ်အဖွဲ့ဝင် မြန်မာနိုင်ငံ ဝူရှူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာတို့က လည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီး ပေးအပ်သည်။
-
ပြိုင်ပွဲအပြီး အလံ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ကမ္ဘာ့ဝူရှူး အဖွဲ့ချုပ် အမြဲတမ်း ဒုတိယဥက္ကဋ္ဌ Anthony Goh  နှင့် ကမ္ဘာ့ဝူရှူး အားကစားအဖွဲ့ချုပ်အဖွဲ့ဝင် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာတို့က ပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခြင်းအတွက် ကျေးဇူးတင်စကား အသီးသီးပြောကြားပြီးနောက် တတိယ အကြိမ် မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံသို့ အလံလွှဲပြောင်း ပေးအပ်ခဲ့ သည်။
-
အဆိုပါပြိုင် ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ အားကစား သမား ၈၆ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ရွှေတစ်ခု၊ ငွေနှစ်ခုနှင့် ကြေးနှစ်ခု ရရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger