www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 19, 2018

ပန်းတောင်း မြိုန့ယ်နှင့် အင်းစိန် မြိုန့ယ် တို့၌ ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

ပန်းတောင်း မြိုန့ယ်နှင့် အင်းစိန် မြိုန့ယ် တို့၌ ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် နိုဝင်ဘာ ၁၈
-
ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ် ညောင် ကျိုးကျေးရွာအနီး ပန်းတောင်း- တောင်ကုတ်ကားလမ်းရှိ ညောင်ကျိုး စစ်ဆေးရေး ဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေး စဉ် နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီခန့်တွင် ရန်ကုန်မှသံတွဲသို့ ဝင်းမောင် (ဘ) ဦးကျော်သိန်းမောင်းနှင်ပြီး ဦးဝင်းမြင့် (ဘ)ဦးဂေါက်ရ လိုက်ပါလာသည့် MITSUBISHI IRITON အမျိုး အစား ယာဉ်အမှတ်၊ 4J/----- ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်းအတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈ဝဝဝဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၆၃ဝဝဝ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးများ ကျန်ရှိနေကြောင်း သိရသဖြင့် နိုဝင်ဘာလ ၁၇၇က် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် ကံ့ကော်လမ်းသွယ်(၂)၊ ခြံအမှတ် (၁၂ဝ/က) အတွင်းရှိ ဂိုဒေါင်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဂိုဒေါင်အတွင်းရှိ Toyota Vigo အမျိုးအစား ယာဉ် အမှတ်၊ KYN 7I/---- ယာဉ်၏ နောက်ခန်းကြမ်းခင်း အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄၉၆ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၃၈ဝဝဝ ကျော်)နှင့် ယာဉ်၏ ဆက်စပ်ပစ္စည်းများ ထပ်မံ တွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။
-
သတင်းကွင်းဆက်အရ ဝင်ရောက်ရှာဖွေ ခဲ့သည့် ဂိုဒေါင်နေရာအား ဒေါ်နန်းမိုဟွမ် (စိစစ်ဆဲ)ဆိုသူကပိုင်ဆိုင်ပြီး စိုင်းသိန်းနိုင် (စိစစ်ဆဲ)က ဂိုဒေါင်ဆောက်လုပ်၍ မော်တော် ယာဉ်ဖြင့် အဝင်အထွက်ပြုလုပ်လေ့ရှိကြောင်း နှင့် လူနေထိုင်မှု မရှိကြောင်း ကနဦးသိရှိရသည်။
-
အဆိုပါ ဖမ်းဆီးရမိသူများ၊ မူးယစ်ဆေးဝါး များနှင့် မော်တော်ယာဉ်တို့အား ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရဲစခန်းနှင့် အင်းစိန်မြို့နယ် ရဲစခန်းတို့၌ တရားဥပဒေအရ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ် သူများဖမ်းဆီးရမိစေရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger