www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 19, 2018

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကော်မတီများ ဖွဲ့စည်း တာဝန်ပေး

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကော်မတီများ ဖွဲ့စည်း တာဝန်ပေး
-
မြောက်ဦး   နိုဝင်ဘာ   ၁၈
-
မြန်မာနိုင်ငံ၏ ထင်ရှားသော  ခရီးသွား ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ကမ္ဘာ့အမွေအနှစ် တင်သွင်းရေး ကော်မတီများ ဖွဲ့စည်း၍ တာဝန်ပေးထားပြီး ၂ဝ၁၉ ခုနှစ် စက်တင်ဘာလတွင် မြောက်ဦးဒေသ၏ အချက်အလက် အကြမ်း တင်သွင်းနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြောက်ဦးဒေသ ရှေးဟောင်းအမွေအနှစ် ချစ်မြတ်နိုးသူများ အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့် ထံမှ သိရသည်။
-
မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက်  မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် တင်သွင်းရေး ကော်မတီများအပြင်    ဆပ်ကော်မတီများကိုပါ ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိသည်။
-
လက်ရှိတွင် အဆိုပါ အဖွဲ့များက ၂ဝ၁၉ ခုနှစ် စက်တင်ဘာလတွင် အချက်အလက် အကြမ်းများ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး  ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခွင့်ပြုသော အဖွဲ့များက ယင်းအချက်အလက်များကို ၂ဝ၂ဝ ပြည့်နှစ်နှင့်၂ဝ၂၁ ခုနှစ်တို့တွင်  နှစ်နှစ်ကြာ စစ်ဆေးမှုများ ပြုလုပ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင်  ယူနက်စကိုမှ   ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်  သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးဒေသ ထိန်းသိမ်း စောင့်ရှောက်မှုအတွက် မြောက်ဦးတစ်မြို့လုံး၏ မြို့ကွက်။ ဖွဲ့စည်းမှုဖြစ်သော တောင်များကို   တံတိုင်းအဖြစ်  အသုံးပြုထားမှုများ၊ရှေးဟောင်းတံတိုင်း၊ ရှေးဟောင်းနံရံများ၊ ကျုံးများ၊ ရေကန်များကိုပတ်ပြီး ဖွဲ့စည်းထားမှုများ၏ အထူးအရေးပါမှုကို သတိပြုရမည်ဖြစ်သည်။ ယခုအခါ ထိုဖွဲ့စည်းမှု အတော်များများ၌ လူနေပတ်ဝန်းကျင်၏ ကျူးကျော်မှုများ ရှိနေပြီး ယင်းကျူးကျော်နေမှုကို ရှေးဟောင်း သုတေသနအဖွဲ့ကသော် လည်းကောင်း၊  အာဏာပိုင် အဖွဲ့အစည်းများကသော် လည်းကောင်း ပူးပေါင်းထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger