www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2018

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၂၉ 
-
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော်  အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲ ဆုပေးပွဲကို နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းဧချမ်းဓမ္မာရုံ၌ ပြုလုပ်ရာ 

ကေတုမတီမြို့သစ် မြစေတီမိုးကုတ် ဝိပဿနာကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က အမှူးပြုသော သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြပြီး 

တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်ဝတ်ရွတ် အသင်းများ တက်ရောက်ကြသည်။
-
ဦးစွာတက်ရောက်လာကြသူများက မြစေတီကျောင်း ဆရာတော်နှင့် သာသနာ့ အနွယ်ဝင် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆုပေးပွဲကို 

ဆက်လက်ပြုလုပ်ရာ ဆုရရှိသော အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များအား   တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့်ဆုများအသီးသီး ပေးအပ်သည်။
-
အဆိုပါ ဗုဒ္ဓဒေသနာတော် အကောင်းဆုံး ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ပြိုင်ပွဲဝင်ဝတ်အသင်း ၁၅ သင်းဖြင့် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း 

သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger