www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 29, 2018

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (28TH ASEAN ARMIES RIFLE MEET- 28TH AARM) ပိတ်ပွဲ ညစာစားပွဲ အခမ်းအနား တက်ရောက်

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (28th  ASEAN Armies Rifle Meet- 28th AARM) ပိတ်ပွဲ ညစာစားပွဲ အခမ်းအနား တက်ရောက်
-
နေပြည်တော်၊ နိုဝင်ဘာ -၂၈
-
(၂၈)ကြိမ်မြောက် အာဆီယနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (28th  ASEAN Armies Rifle Meet- 28th AARM) ပိတ်ပွဲ ညစာစားပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ဒေသစံတော်ချိန် ညပိုင်းတွင် မလက္ကာမြို့ရှိ Tiaramelaka ဟိုတယ်၊ Dewan Tun Ali ခန်းမ၌ ပြုလုပ်ရာ မလေးရှား ကြည်းတပ် ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အာဆီယံ နိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ  တက်ရောက်ကြသည်။
-
-
ဦးစွာ မလေးရှား ကြည်းတပ် ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံ နိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့်အတူ ညစာကို အတူတကွ သုံးဆောင် ကြသည်။ ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မလေးရှား ကြည်းတပ် အဖွဲ့မှ တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။
-








Vice-Senior General Soe Win attends dinner of 28th ASEAN Armies Rifle Meet (28th AARM) closing ceremony

-
ညစာစားပွဲ အပြီးတွင်  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် အာဆီယံ နိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များသည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger