www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 11, 2018

ကန့်ဘလူမြို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

https://www.myawady.net.mm/media/k2/items/cache/97f2f615fc6b98026ae2891c8fd48f2c_XL.jpg

ကန့်ဘလူ  အောက်တိုဘာ  ၁ဝ
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့  မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင် ကန့်ဘလူမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးလှထွန်း (ငြိမ်း)က''ယနေ့ပြုလုပ်တဲ့ ပွဲကတော့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၁၂ဝ ဦး၊ အရန်အဖွဲ့ဝင် ၁၅ ဦး စုစုပေါင်း ၁၃၅ ဦးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း ရည်ရွယ်ချက် (၄)ရပ်ထဲက နံပါတ်(၂) ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းတွေမှာ တပ်မတော် အရန်အင်အားအဖြစ်နဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း မိမိတို့ဆန္ဒအလျောက် လုပ်ဆောင်တာဖြစ်ပါတယ်။ လတ်တလောမှာတော့ နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေက မြန်မာ့တပ်မတော်အပေါ်   အထင်အမြင် လွဲမှားပြီး ဖိအားပေး လုပ်ဆောင်နေတာတွေ၊ မဟုတ်မမှန် စွပ်စွဲပြောဆိုနေတာတွေ အပေါ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး တစ်ဖွဲ့
-
လုံး ဆန့်ကျင်ပါတယ်ဆိုတာကို နိုင်ငံတကာက သိအောင်    ထုတ်ဖော်ဆန္ဒပြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ဆောင်ခြင်းကလည်း မြန်မာ့တပ်မတော်အပေါ် ဖိအားပေး လုပ်ဆောင်နေတဲ့ နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ကြီးတစ်ဖွဲ့လုံးက မြန်မာ့တပ်မတော် အပေါ်ထားရှိတဲ့ ရပ်တည်ချက်ကို သိရှိနားလည်နိုင်မယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်း အဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင် စုစုပေါင်း ၁၃၅ ဦးတို့က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဓာတ်ပုံ  နှစ်ပုံတို့ကို ကိုင်ဆောင်၍ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊  ပြည်သူကိုချစ်သော၊   ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော် စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊    APHR ၏အောက်လုံးအစီရင်ခံစာ အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍     တစ်နာရီခန့်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ယခုအကြိမ်အပါအဝင် ၆၄ ကြိမ် စုစုပေါင်းအင်အား ၅၉၃၃၈၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger