www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 14, 2018

ထားဝယ်မြို့ရှိ ရှမ္မလည်ဆွဲရပ် ထားဝယ်ပညာရေး ကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်






နေပြည်တော် ၁၄-၉-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ရှမ္မလည်ဆွဲရပ် ထားဝယ်ပညာရေး ကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာ ၁၂ ရက်တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ 

ဦးစွာ ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၄၉ဝ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သွားနှင့်ခံတွင်း ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ 

ထို့နောက် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို ထားဝယ်တပ်နယ်မှ တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းသား၊ကျောင်းသူများ အတွက် ဗလာစာအုပ်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger