www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 28, 2018

အင်းဝဘဏ် လီမိတက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘဏ်ခွဲ ဖွင့်လှစ်



ရန်ကုန် ၂၇-၉-၂ဝ၁၈

အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ် (မြောက်ပိုင်း) ဘဏ်ခွဲဖွင့်ပွဲကို ယနေ့တွင် အဆိုပါဘဏ်ခွဲ ပရိဝုဏ်၌ ကျင်းပရာ အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 

ယနေ့ဖွင့်လှစ်သည့် အင်းဝဘဏ်လီမိတက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘဏ်ခွဲသည် အင်းဝဘဏ် လီမိတက်၏ (၅၄) ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် အမှတ်(ပ/၂၄-၂၅) ပြည်ထောင်စုလမ်းမကြီး၌ ဖွင့်လှစ်ထားရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order)) များ ထုတ်ပေးခြင်း၊ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။ 

အင်းဝဘဏ်လီမိတက် အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှု ပေးလျက်ရှိပြီး ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ် အပ်ငွေအပေါ် အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအရ စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြားအလိုက် မူတည်၍ ၁ဝ ရာခိုင်နှုန်း အထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိကာ စီးပွားရေးလုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger