www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 31, 2018

မြဝတီမြို့တွင် ငွေကျပ် သုံးဆယ့်ငါးသိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ၁၁ မျိုးခိုးယူသူကို ဖမ်းဆီးရမိ



မြဝတီ ၃၁-၈-၂ဝ၁၈

မြဝတီမြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး၏ နေအိမ်လိုင်းခန်းအတွင်း ထားရှိသည့် ငွေကျပ် သုံးဆယ့်ငါးသိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၁ မျိုး ခိုးယူခံရသဖြင့် သြဂုတ်၂၉ရက်က မြဝတီမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ရာ မြဝတီမြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို သက်သေခံ ရွှေထည်ပစ္စည်း ၁၁မျိုးနှင့်အတူ စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ် (၃၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု မြဝတီတွင် တာဝန်ထမ်းဆောင် နေသည့် ဦးမင်းအောင်မြင့်ဦးသည် အလုပ်တာဝန်များဖြင့် ခရီးထွက်နေရာမှ သြဂုတ် ၂၇ရက်တွင် ပြန်လည်ရောက်ရှိစဉ် နေအိမ်လိုင်းခန်း အတွင်း မွေနှောက်ထား၍ စစ်ဆေးရာ ကာလတန်ဖိုးငွေကျပ် သုံးဆယ့်ငါးသိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၁မျိုး ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သြဂုတ်၂၉ရက် ည ၇နာရီ ၁၅မိနစ်ခန့်က မြဝတီမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သဖြင့် မြဝတီမြို့မရဲစခန်းက (ပ) ၇၂၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၈ဝဖြင့် အမှုဖွင့်စုံစမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို မြဝတီမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး မင်းကိုက ကြပ်မတ်၍ နယ်ထိန်းခေါင်းဆောင်ရဲအုပ် အောင်ချမ်းမွန် ဦးစီးအဖွဲ့ဖြင့် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ပြစ်ချက် ဟောင်းရှိသူများကို စုံစမ်းပြီး မသင်္ကာဖွယ်ရှိသူများကို ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၉ရက် ည ၉နာရီ ၄၅မိနစ်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ကျောက်ဖျာဂိတ်အနီးတွင် အောင်မိုး အကွက်(၁၆) လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူကို ပျောက်ဆုံးသွားသည့် ရွှေထည်ပစ္စည်း ၁၁မျိုးနှင့်အတူ ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်း၍ အမှုကို ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger