www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 26, 2018

ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၀ခုကို ငွေကျပ် ၁၅၅၂ ဒသမ ၉၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိ



မကွေး ၂၆-၇-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ဘဏ္ဍာနှစ် ကြားကာလ ပထမခြောက်လ တာကာလအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝခုကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၅၅၂ ဒသမ ၉၁သန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောပြ၍ သိရသည်။

ဘဏ္ဍာနှစ် ကြားကာလ ပထမခြောကလ် တာကာလအတွင်း ဆောင်ရွက်နေသော ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝခုမှာ သရက်ခရိုင် ကံမမြို့နယ် ရေနံ့သာကျေးရွာ မင်းတုန်းချောင်းရေ တိုက်စားမှုအတွက် ရန်ပုံငွေကျပ်သန်း ၅၃၁ ဒသမ ၈၄ဝဖြင့် ၇ဝ ရာခိုင်နှုန်း၊ ရေစကြိုမြို့ ဇရပ်နီကျေးရွာ ချင်းတွင်းမြစ်ရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁၅ဝဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ပေါက်မြို့နယ် သမားတော်ကျေးရွာ ရေပြာချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း အတွက် ရန်ပုံငွေကျပ်သန်း ၇၈ ဒသမ ၈၂ဝ ဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ငဖဲမြို့နယ် နယ်ဇောကျေးရွာ၊ မန်းချောင်းရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၈၄ ဒသမ ဝ၃ဝ ဖြင့် ၉ဝ ရာခိုင်နှုန်း၊ ပေါက်မြို့နယ် ချောင်းကူးကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၈၉ ဒသမ ၅၂ဝဖြင့် ၉၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ထို့ပြင်ပွင့်ဖြူ မြို့နယ် ထူပေါက်အင်းကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁၅ဝဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာ ပင်းချောင်းရေ တိုက်စားမှုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၁၆၃ ဒသမ ၆၁သန်း ဖြင့် ၉ဝရာခိုင်နှုန်း၊ စလင်းမြို့နယ် ဆင်မကျွန်းမြို့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၁၃၆ ဒသမ၃၉သန်းဖြင့် ၉၇ရာခိုင်နှုန်း၊ အောင်လံမြို့ ရထောင်အခြေခံပညာ အထက်တန်းကျောင်း ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁ဝဝ ဖြင့် ၈၁ ရာခိုင်နှုန်း၊ ဆင်ပေါင်ဝဲမြို့နယ် စည်တိုင်းကျေးရွာ ပုတီးချောင်းရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၆၈ ဒသမ ၇ဝဝဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြ၍သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger