www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 30, 2018

ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကျင်းပ



ရန်ကုန် ၃၀--၇-၂၀၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ H&S Group ကစီစဉ်သော ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရာ ပါဝင်ယှဉ်ပြိုင် ထိုးသတ်သော ရိုးရာလက်ဝှေ့ သမားများအားလုံးမှာ ပဝါမကူရေမရှူ ယှဉ်ပြိုင်ထိုးသတ် ခဲ့ခြင်းကြောင့် ရိုးရာလက်ဝှေ့ ပရိသတ်များ အကြိုက်တွေ့ခဲ့သည်။

ယင်းပွဲတွင် ရိုးရာလက်ဝှေ့ပွဲစဉ်ပေါင်း ခုနစ်ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ပါဝင်ထိုးသတ်သော လက်ဝှေ့သမား အများစုမှာ လူငယ်လက်ဝှေ့သမား များဖြစ်သည်။ ၅၄ ကီလိုတန်းပွဲစဉ် တွင် ခန့်မောင်(ဗမာ့သွေး)နှင့်ဝမ်းဝမ်း (သုံးပန်လှ)တို့ယှဉ်ပြိုင်ထိုးသတ်ရာ ခန့်မောင်က အမှတ်ဖြင့်အနိုင်ရရှိ ခဲ့ပြီး ၅၇ ကီလိုတန်းပွဲစဉ်တွင် စွမ်း ထက်နိုင်(ဗမာ့သွေး)နှင့်ကောင်းကောင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့ယှဉ် ပြိုင်ထိုးသတ်ရာ ကောင်းကောင်း က တတိယအချီတွင် အနိုင်ရရှိခဲ့သည်။

၆ဝ ကီလိုတန်းပွဲစဉ်တွင် ဆူးမိုက် (ရွှေမည်းမြေ)နှင့်စောလူပျို(သုံးပန်လှ)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဆူးမိုက်က အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ၆၃ ဒသမ ၅ ကီလိုတန်းပွဲစဉ်တွင် ရာအူးဖလုံ(ရွှေမိုးထိ)နှင့်သပြေညို (Adventure) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ သပြေညိုက ဒုတိယ အချီတွင် အနိုင် ရရှိခဲ့ပြီး ၆၇ ကီလိုတန်းပွဲစဉ်တွင် အောင်ဟိန်း(သုံးပန်လှ)နှင့် ချိုင်းထူး (နဂါးမာန်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ချိုင်းထူးက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အမျိုးသမီး ပွဲစဉ်များအဖြစ် ၄၉- ၅၃ ကီလိုတန်းတွင် လင်းယုန်မေ (ဗမာ့သွေး)နှင့် စိန်တစ်ပွင့်(ဇာတိမာန်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ လင်းယုန်မေက ဒုတိယအချီတွင် အနိုင်ရရှိခဲ့ပြီး မာရီနား (Phoenix) နှင့် ရွှေကိုလေး (ပဲခူး)တို့ ပွဲစဉ်တွင် ရွှေကိုလေးက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger