www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 23, 2018

သီပေါမြို့နယ် ဟာစကောက်ကျေးရွာ အနီးတွင် ယာဉ်နှစ်စ်ီးတိုက်မိ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ



သီပေါ ၂၃-၄-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ဟာစကောက် ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက ယာဉ်နှစ်စီးတိုက်မိ၍ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့ ဟာစကောက် ကျေးရွာတွင် ကျောက်မဲဘက်မှ ဦးဖိုးကျော် မောင်းနှင်လာသည့် HIJET ခွေးဘီလူးယာဉ်နှင့် လားရှိုးဘက်မှ သန်းဇော်(ဘ) ဦးဝင်းမောင် အမရပူရမြို့နယ် စာကလေး အင်းကျေးရွာနေသူ မောင်းနှင်လာသော ကန်တာယာဉ်တို့ တိုက်မိရာ ခွေးဘီလူးယာဉ်ပေါ်ပါသူ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးဘက်မှ လာသောကန်တာယာဉ်မှာ ရှေ့မှကားကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော ပေါ်သို့ရောက်ရှိကာ တစ်ဖက်ယာဉ်ကြောမှ လာသောယာဉ်ကို ဝင်တိုက်မိခြင်းကြောင့် ခွေးဘီလူးကား၏ ဘယ်ဘက်ခြမ်း ထိခိုက်ပျက်စီး သွားခဲ့ကြောင်း သိရသည်။"ခွေးဘီလူးယာဉ်က သီပေါဘက်ကနေ လားရှိုးဘက်ကို အသွားကန်တာက လားရှိုးဘက်က လာပြီးတော့ ရှေ့ကားကို ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောပေါ် ရောက်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ ခွေးဘီလူးကားပေါ်က လူတစ်ယောက် သေဆုံးတာပါ"ဟု သီပေါ ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သန်းဇော် အမရပူရမြို့နယ် စာကလေးအင်း ကျေးရွာနေသူကို သီပေါမြို့မရဲစခန်းက ယာဉ်(ပ) ၂၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၂၉၉/၃၃၇/၃၃၈/၃ဝ၄(က)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger