www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 23, 2018

နိုင်ငံတကာဈေးကွက် ဝယ်လိုအား ကောင်းနေ၍ မြန်မာ့သစ်သီး ဝလံများ ယခင်နှစ်ထက် ပိုမိုတင်ပို့နေရ



နေပြည်တော် ၂၃-၄-၂၀၁၈

မြန်မာ့သစ်သီး ဝလံများကို နိုင်ငံတကာဈေးကွက် ဝယ်လိုအား ကောင်းနေ၍့ ယခင်နှစ်ကထက် ပိုမိုတင်ပို့ရောင်းချ ပေးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို အခြေခံလုပ်ကိုင် ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေ၍ လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု ကဏ္ဍသည်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက်အရေးပါသော ကဏ္ဍတွင် ရှိနေသည်။ ထို့ကြောင့် လယ်ယာ ထွက်ကုန်များကို ပြည်ပသို့ တိုးတက်တင်ပို့ နိုင်ရေးဆောင်ရွက် လျက်ရှိသည်။

အဆိုပါ လယ်ယာထွက်ကုန်များတွင် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်း၊ပဲမျိုးစုံ၊ ရော်ဘာ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည်။ အဆိုပါလယ်ယာ ထွက်ကုန် ပစ္စည်းများအနက် သစ်သီးဝလံများကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့်တရုတ်နိုင်ငံ သို့အဓိက တင်ပို့ရောင်းချ ပေးနေခြင်းဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့သို့လည်း တင်ပို့ရောင်းချပေးမှုများ ရှိကြောင်း သိရသည်။

ယခုအခါ မြန်မာ့သစ်သီး ဝလံများသည် နိုင်ငံတကာ ဈေးကွက်များတွင် ဝယ်လိုအား ကောင်းနေသဖြင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့ရောင်းချ ပေးနေသည့် ဖောက်သည်ဈေးကွက် နိုင်ငံများအပြင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှလည်း မလေးရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အင်္ဂလန်နိုင်ငံ ဈေးကွက်များထိ တင်ပို့ရောင်းချ ပေးနေရပြီ ဖြစ်သည်။ မြန်မာ့သစ်သီး ဝလံများသည် အာရှဒေသ ထွက်သစ်သီး ဝလံများတွင် အရည်အသွေး၊ အရောင်အဆင်းနှင့် အနံ့အရသာ သာလွန်ကောင်းမွန်နေ၍ ဈေးကွက်ဝေစုများ ပိုမိုရရှိလာကာ ပိုမိုတင်ပို့ရောင်းချ ပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ၂ဝ၁၇ခုနှစ် ဧပြီ ၁ရက်မှ မတ် ၂၃ ရက်ထိ အမေရိကန်ဒေါ်လာ ၁၄၇သန်းကျော် တန်ဖိုးရှိ သစ်သီးဝလံ တန်ချိန် ၁ဝ သိန်း ကျော်တင်ပို့ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger