www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 26, 2018

ရန်ကုန်တိုင်းဒေသကြီး ကားတင်သွင်းခွင့် လိုင်စင်ကို ယခုနှစ်တွင် ဧပြီ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြု ပေးရန် သဘောတူညီမှုရရှိခဲ့



ရန်ကုန် ၂၆-၂-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး ကားတင်သွင်းခွင့် လိုင်စင်ကို ယခုနှစ်တွင် ဧပြီ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြုပေးရန်မူ အရသဘောတူညီမှု ရရှိခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၏ သတင်းများအရ သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် တင်သွင်းခွင့် လိုင်စင်ကို ကားပါကင် ထောက်ခံချက်နှင့်အတူ တင်သွင်းခွင့် ပြုပေးခဲ့ပြီး ၂ဝ၁၆ခုနှစ် နှစ်စပိုင်းမှ စတင်ကာ လက်ရှိအချိန်ထိ နှစ်နှစ်ခန့် ရပ်နားထားခဲ့သည်။ ထို့ကြောင့် အဆိုပါကာလတွင် ယာဉ်အို၊ယာဉ်ဟောင်းလဲလှယ်သည့် စလစ်များနှင့်သာ ရန်ကုန်အမည်ပေါက် ကားတင်သွင်းခဲ့ကြသည်။ ထို့ကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ပေါက် ဈေးနှုန်းများမှာ ငွေကျပ်သိန်း ၁ဝဝ ကျော်ထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂ဝရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနှင့် ဆိုင်သော မူဝါဒသစ်ချမှတ် အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် တာဝန်ရှိသူများ ဆွေးနွေးပြီး အကြမ်းဖျင်း သဘောတူဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်လိုင်စင်ကို လေလံပုံစံ COE စနစ်ဖြင့် ထုတ်ပေးမည် မဟုတ်ဘဲ ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်တင်သွင်းခွင့် လက်မှတ်အဖြစ် ထုတ်ပေးသွားမည် ဖြစ်သည်။လက်ရှိတွင် အမျိုးအစား ၁၁ မျိုးအဖြစ် အကြမ်းဖျင်း သတ်မှတ်ထားပြီး ယာဉ်အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုများ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger