www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 27, 2018

(၄၁) ကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ



မန္တလေး ၂၇-၂-၂ဝ၁၈

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးအမျိုးသား သွေးလှူဘဏ်၏ (၄၁) ကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉နာရီက ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်၊ ၃၁×၇ဝ လမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး) ရတနာပုံခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်ကာ သွေးလှူရှင် သံဃာတော်များအား ဂုဏ်ပြုမှတ်တမ်း လွှာများဆက်ကပ်၍ သွေးလှူရှင် အများဆုံးစည်းရုံး ပေးခဲ့သည့် သွေးလှူရှင်အသင်းများနှင့် သွေးလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒေါက်တာဇော်မြင့်မောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဒေါက်တာတင်တင်မိုးက သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြ၍ ဒေါက်တာစန်းစန်းလှိုင်က သွေးလှူရှင်များကို ဂုဏ်ပြုကျေးဇူးတင် စကားပြောကြားကာ သွေးလှူရှင်အများဆုံး ရအောင်စည်းရုံး စုဆောင်းပေးခဲ့သော မဟာအောင်မြေမြို့နယ် ငွေတောင်ကျောင်းတိုက်ရှိ မြတ်ပါရမီသွေးလှူ ရှင်အသင်း ဦးဆောင် ဆရာတော်ဘဒ္ဒန္တသုမနက ကျေးဇူးတင်စကား မြွက်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွေးလှူရှင် သံဃာတော်များကို ဂုဏ်ပြုလွှာများ ဆက်ကပ်ကာ သွေးလှူရှင်အများ ဆုံးစည်းရုံးပေးခဲ့သည့် သွေးလှူရှင် အသင်းများနှင့် သွေးလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ကြသည်။

အခမ်းအနားတွင် အကြိမ် ၁၁ဝ မြောက် သွေးလှူရှင် မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ရွာမှ ဘဒ္ဒန္တ သောဘဏပါ အကြိမ် ၁ဝဝထိ သွေးလှူရှင်သံဃာတော် သုံးပါး၊ အကြိမ် ၉ဝမှ ၂၅ ကြိမ်ထိ သွေးလှူရှင်သံဃာတော် ၄၂ပါး၊ သွေးလှူရှင် အများဆုံး စည်းရုံးပေးခဲ့သည့် သွေးလှူရှင်အသင်း သုံးသင်း၊ သွေးလှူရှင်လူပုဂ္ဂိုလ် ၁၂၅ကြိမ်မှ အကြိမ်၁ဝဝထိ ၃၄ဦး၊ ၉၅ကြိမ်မှ ၂၅ကြိမ်ထိ ၂၁၃ဦးတို့ကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger