www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 25, 2018

ကျန်းမာရေး အသိပညာပေး Mobile Application မိတ်ဆက်



မုံရွာ ၂၅-၁-၂ဝ၁၈

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးအဆင့် အချစ်ပုစ္ဆာ ဘဝအဖြေရှာ Mobile Application မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကား ပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သံလွင်ထွန်းက အမှာစကားပြောကြားပြီး Mobile Application အကြောင်းကို ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက မိတ်ဆက်ရှင်းလင်းသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

အချစ်ပုစ္ဆာ ဘဝအဖြေရှာ Mobile Application တွင် ဘဝတွက်တာကျွမ်းကျင်စရာ၊ ကျားမတန်းတူညီမျှမှု၊ သန္ဓေတားနည်းလမ်းများ၊ ချစ်ခြင်းမေတ္တာ၊ အရက်နှင့်မူးယစ်ဆေးဝါး၊ HIV နှင့် လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများ၊ လိင်မှုဆိုင်ရာ၊ သင့်ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ စသည့်ကဏ္ဍ (၈) ရပ်ပါဝင်ပြီး သိရှိလေ့လာသူများအနေဖြင့် အဆိုပါ Mobile Application အတွင်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger