www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 30, 2018

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း သိန်းပေါင်း ၄ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ



မြစ်ကြီးနား ၃ဝ-၁-၂ဝ၁၈

မြစ်ကြီးနားမြို့နယ် ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် CROWN အမျိုးအစား အဖြုရောင်ယာဉ်ပေါ်မှ ဘိန်းဖြူငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော် ဖမ်းမိခဲ့ပြီး ၎င်းနှင့်ဆက်စပ် ပြစ်မှုကျူးလွန်သူကို မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်အတွင်းမှ ဘိန်းဖြူငွေကျပ် သိန်းပေါင်းနှစ်ထောင် ခန့်နှင့်အတူ ထပ်မံဖမ်းမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနားမှ သိရသည်။

မြစ်ကြီးနားမြို့နယ် လီဒိုလမ်းမပေါ်ရှိ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ဇန်နဝါရီ ၂၈ ရက်ညနေ ၄ နာရီခန့်က မူးယစ်တပ်ဖွဲ့ စု (၂) မြစ်ကြီးနားမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များသည် သတင်းအရ စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားမြို့ဘက်မှ နမ္မတီးမြို့ဘက်သို့ မောင်ဘချန်ဂွန်အောင် မောင်းနှင်လာသည့် CROWN အမျိုးအစား အဖြုရောင်ယာဉ်ပေါ်၌ သယ်ဆောင်လာသည့် ရောင်စုံဆပ်ပြာခွက်များ အတွင်းဘိန်းဖြူဟု ယူဆရသော အဖြုရောင် အမှုန့် ၁၁ဂရမ်စီပါ ၂၄၃ခွက် စုစုပေါင်းအလေးချိန် ၂ဒသမ ၆၇၃ ကီလိုဂရမ် ကာလတန်ဖိုး ငွေကျပ်၂၁၃၈၄ဝဝဝဝနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ မဆိုင်းဆန့်၊ မခေါန်မိုင်၊ မရွယ်ဂျားတို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်း ဘချမ်ဂွန်အောင်ကို စစ်ဆေးမေးမြန်းရာမှ ၎င်း၏ထွက်ဆိုချက်အရ ယင်းနေ့ညနေ ၅ နာရီခန့်က ၎င်းငှားရမ်းထားသည့် မြစ်ကြီးနားမြို့၊ စီတာပူ၊ ဂင်ဒိုင်ရပ်ကွက် အမှတ် (၁၅၆) နေအိမ်သို့ ရှာဖွေရန် သွားရောက်စဉ် မောင်ကွမ်းဂျာလုံမောင်းနှင်၍ ဘေးတွင် မောင်ဘောက်နန်ထိုင် လျက်ထွက်ခွာလာသည့် CROWN အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ ရောင်စုံဆပ်ပြာခွက်များ အတွင်း ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် ၁၁ဂရမ်စီပါ ၂၁၉ ခွက်စုစုပေါင်း အလေးချိန် ၂ ဒသမ ၄ဝ၉ ကီလိုဂရမ် ကာလတန်ဖိုးငွေကျပ် ၁၉၂၇၂ဝဝဝဝ ကို ထပ်မံတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနား၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဘချမ်ဂွန်အောင် နှင့်အတူယာဉ်အတွင်း လိုက်ပါခဲ့သူ ဆိုင်းဆန့်၊ခေါန်မိုင်၊ ရွယ်ဂျားတို့ကို (ပ)၁၈/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဥပဒေပုဒ်မ၁၅/၁၉(က)/၂၁အရ မြစ်ကြီးနား မြို့နယ်မြေရဲစခန်းတွင် အမှုရေးဖွင့်ထားပြီး ၎င်းနှင့်ဆက်စပ်ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ယာဉ်မောင်းကွမ်းဂျာလွမ်းနှင့်အတူ ယာဉ်အတွင်း လိုက်ပါခဲ့သူ မောင်ဘောက်နန်တို့ ကို(ပ) ၇/၂ဝ၁၈၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဥပဒေပုဒ်မ၁၅/၁၉(က)/၂၁အရ မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းတွင်အမှု ရေးဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger