www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 30, 2018

စစ်ကိုင်းပြတ်ရွေ့ သပိတ်ကျင်းမြို့အနီး လှုပ်ခတ်ခဲ့ပြီးသည့် မြေငလျင်များကို ယခုနှစ်အတွင်း သုတေသနပြုလုပ်မည်



နေပြည်တော် ၃ဝ-၁-၂ဝ၁၈

မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ သပိတ်ကျင်းမြို့အနီး လှုပ်ခတ်ခဲ့ပြီးသည့် မြေငလျင်များကို ယခုနှစ်အတွင်း သုတေသနပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီထံမှ သိရသည်။

သပိတ်ကျင်းမြို့အနီး လှုပ်ခတ်ခဲ့သည့် မြေငလျင်များကို လာမည့် ဇွန်လခန့်တွင် စတင်၍ နှစ်နှစ်ကြာ သုတေသနပြုလုပ် သွားမည်ဖြစ်ပြီး သုတေသန ပြုလုပ်ရန်နေရာရွေး ချယ်ခြင်း၊ ငလျင်လှုပ်ခဲ့သည့် အထောက်အထားများ ရှာဖွေခြင်း၊ ငလျင်ကြောင့်ရွေ့သွား ခဲ့သည့်အရွေ့များကို တိုင်းတာခြင်း၊ လှုပ်ခဲ့သည့်ငလျင်များ၏ သက်ရောက်မှုနှင့် မြေငလျင်အန္တရာယ်ပြ မြေပုံရှိဖြစ်နိုင်သည့် Effect အနှင့်လက်တွေ့သက်ရောက်မှု ကိုက်ညီမှု ရှိ၊ မရှိ တို့ကို လေ့လာသွားမည် ဖြစ်ကြောင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောပြသည်။

"အခုလောလောဆယ် သပိတ်ကျင်းရဲ့ တောင်ဘက်ပိုင်းကို ရွေးထားပါတယ်။ အတည်မပြုရသေးပါဘူး။ မြန်မာနိုင်ငံရဲ့မြေငလျင် အန္တရာယ်ပြမြေပုံတွေ ရေးဆွဲတဲ့အခါ ပိုပြီးတော့ပြည့်စုံတဲ့ ပြတ်ရွေပိုင်းဆိုင်ရာတွေ ငလျင်လှုပ် နိုင်တဲ့ အရင်းအမြစ်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ပိုပြီးရရှိနိုင်အောင်လို့ သုတေသန ပြုလုပ်သွားမှာပါ"ဟု ၎င်းက ပြောပြစစ်ကိုင်း ပြတ်ရွေ့သပိတ်ကျင်း မြို့အနီးလှုပ်ခတ် ခဲ့ပြီးသည့် မြေငလျင်များကို ယခုနှစ်အတွင်း သုတေသန ပြုလုပ်မည်သည်။

သုတေသနလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် မုံရွာတက္ကသိုလ်မှ Project တင်သွင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ဟင်္သာတတက္ကသိုလ်ကလည်း နေပြည်တော် အနီးပတ်ဝန်းကျင်တွင် အတိတ်ကလှုပ်ခတ် ခဲ့သည့် မြေငလျင်သုတေသန လုပ်ငန်းများကို ယခုနှစ်ဇန်နဝါရီ လဆန်းပိုင်းက စတင်ဆောင်ရွက်နေသည်။

ယခုသုတေသန ပြုလုပ်မည့် သပိတ်ကျင်း မြို့အနီး စစ်ကိုင်းပြတ်ရွေ့တွင် ၂ဝ၁၂ခုနှစ်နိုဝင်ဘာ ၁၁ ရက်က အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတက္ကသိုလ်ပေါင်းစုံ၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် စင်ကာပူနိုင်ငံ မြေကမ္ဘာလေ့လာရေး အဖွဲ့တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း၌ အတိတ်မြေငလျင် များနှင့်ပတ်သက်၍ Training သုံးကြိမ်ခန့် ပြုလုပ်ခဲ့ဖူးပြီးလာမည့် ဖေဖော်ဝါရီ ၂၃ ရက်မှမတ် ၆ ရက်ထိ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ စင်ကာပူနိုင်ငံ မြေကမ္ဘာလေ့လာရေးအဖွဲ့၊စင်ကာပူနိုင်ငံ တန့်ယန်းတက္ကသိုလ်တို့ ပူးပေါင်း၍ အတိတ်မြေငလျင်ဆိုင်ရာ Training တစ်ခုပြုလုပ်သွားရန်ရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger