www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 28, 2017

ပြင်ဦးလွင် ပန်းပွဲတော်ရာသီတွင် မန္တလေး-ပြင်ဦးလွင်ကားလမ်းများ ပိတ်ကာ ခရီးသွားများ အချိန်ကြန့်ကြာမှု ဖြစ်ပေါ်



ပြင်ဦးလွင် ၂၈-၁၂-၂ဝ၁၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီးဥယျာဉ်တွင် ဒီဇင်ဘာ ၁၆ရက်မှ ၃၁ ရက်အထိ ပန်းပွဲတော်ကျင်းပ နေခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များပြား နေသဖြင့် မန္တလေး-ပြင်ဦးလွင် ကားလမ်းများ ပိတ်ကာ ခရီးသွားများ အချိန်ကြန့်ကြာမှု ဖြစ်ပေါ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

"ပြင်ဦးလွင်နဲ့ မန္တလေးဆိုတာက ပုံမှန်မောင်းရင်တော့ နှစ်နာရီခွဲလောက်ပဲ မောင်းရတာပါ။ အခုဆိုလမ်းတွေက အဆင့်မြှင့်တင်နေပြီး တိုးချဲ့နေတဲ့အတွက် လမ်းပိတ်နေတော့ လေးနာရီလောက် မောင်းရပါတယ်။ ဒီလို
ဒီဇင်ဘာလ မှာဆိုရင် ပန်းပွဲတော်ကလဲရှိနေတော့ ပိုပြီးတောင်လမ်းတွေ ပိတ်ပါတယ်။ ကျွန်တော်တို့က မန္တလေး-မူဆယ်လမ်းကို မောင်းနေတော့ အချိန်ကို လေးစားရပါတယ်။ ခရီးသည်တွေအတွက်လဲ အများကြီးစဉ်းစားပေးရပါတယ်"ဟု မန္တလေး-မူဆယ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

မန္တလေးဘက်မှ ပြင်ဦးလွင်သို့ သွားသည့် အတက်၊ အဆင်းလမ်းများသည် ပန်းပွဲတော်ရာသီဖြစ်သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် ယာဉ်ကြောပိတ်ဆို့တတ်ပြီး အစိုးရရုံးပိတ်ရက်များတွင် ပိုမိုဆိုးရွားတတ်ကြောင်း သိရသည်။

"ကျွန်တော်ဆိုရင် တနင်္လာနေ့ မနက်အစောကြီးကတည်းက တက်လာခဲ့ပေမယ့် ၁၆ မိုင်ကျော်ကတည်းက အတက်လမ်းတွေ ပိတ်နေပါပြီ။ အချိန်ကိုဂရုစိုက် နေရပါတယ်။ အတက်လမ်းမှာက လမ်းပြင်နေတော့ ပိုပြီး
ဆိုးပါတယ်။ ပြင်ဦးလွင်မြို့မှာ ပန်းပွဲတော်လဲရှိနေတော့ ပိုဆိုးတာပေါ့။ အေးအေးဆေးဆေးလေး မောင်းချင်ရင်တော့  မနက် ၅ နာရီလောက်ကတည်းကနေ တက်မှကို အဆင်ပြေမှာပါ"ဟု အဆိုပါလမ်းတွင်သွား
လာနေသည့် ဦးထွန်းထွန်းက ပြောပြသည်။

ပြင်ဦးလွင်ပန်းပွဲတော်သည် မြန်မာနိုင်ငံ၏ ထင်ရှားသည့်ပွဲတော် တစ်ခုဖြစ်ကာ လူအများစိတ်ဝင်စားသဖြင့် ပွဲတော်ရက်များအတွင်း သွားရောက်လည်ပတ်သူ များပြားနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger