www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 28, 2017

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်


တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့က ခွဲစိတ်လူနာတစ်ဦးအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၈-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့ နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် တောင်သာ မြို့နယ်၊ ကျောဇီကျေးရွာတွင် အခြေပြု၍ အဖွဲ့(၁) သည် ဇဂျန်းကျေးရွာနှင့် ကန်မြဲကျေးရွာတို့၌ လည်းကောင်း၊ အဖွဲ့(၂)သည် နတ်စောင့်ကျေးရွာ၌ လည်းကောင်း၊ အဖွဲ့(၃)သည် ကျောဇီကျေးရွာ အထက်တန်းကျောင်း၌ လည်းကောင်း ဒေသခံပြည်သူ ၁၅၃ဝ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၈၉ ဦး၊ ခွဲစိတ်ရောဂါ ၇၉ ဦး၊ ကလေးရောဂါ ၇၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁ဝ၃ ဦး၊ နား/နှာခေါင်း၊ လည်ချောင်းရောဂါ ၇ဝ ဦး၊ မျက်စိရောဂါ ၄၈၁ ဦး၊ သွားရောဂါ ၁၃၁ ဦး၊ အထွေထွေရောဂါ ၂၆၂ ဦးတို့အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

၎င်းတို့အနက် မျက်စိခွဲစိတ် လူနာ ၃၄ ဦး၊ အရေးပေါ်စိတ်ခွဲ လူနာ ရှစ်ဦးနှင့် သွားခွဲစိတ်လူနာ၁၂၉ ဦးတို့ကို ခွဲစိတ် ကုသမှုများဆောင်ရွက် ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၅ဝ ဦး၊ တယ်လီ ဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်မှု ၆၁ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ ခွဲစိတ်ခန်း၌ ကလေးတစ်ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger