www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 28, 2017

ခရီးသည်တင် စက်လှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွား


နစ်မြုပ်မှုဖြစ်ပွားသော စက်လှေကို ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ်။

စစ်တွေ ၂၈-၆-၂၀၁၇

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိတ်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာဘက်သို့ သွားသည့် ခရီးသည် တင်စက်လှေတစ်စင်း ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နစ်မြုပ်မှုဖြစ်ပွား ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ် ညောင်ပင်လယ်ကျေးရွာနေ ဦးမောင်သာကျော်သည် စစ်တွေမြို့နယ် ပါဒလိတ်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာ ဘက်သို့ ခရီးသည် ၂၁ ဦးတင်ဆောင်၍ မောင်းနှင် လာစဉ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာ ဆိပ်ကမ်းအနီး၌ လှိုင်းနှင့်လေပြင်း တိုက်ခတ်မှုကြောင့် စက်လှေနစ်မြုပ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်လှေ နစ်မြုပ်မှုကြောင့် ခရီးသည် ၂ဝ ဦးကို မြစ်အတွင်း သွားလာနေသည့် စက်လှေများနှင့် ဆိပ်ကမ်းအနီးရှိ ဒေသခံပြည်သူများက ဝိုင်းဝန်း ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးမှာ မြစ်အတွင်းမျောပါ သွားသည်။ ကယ်တင်နိုင်ခဲ့သူများအနက် အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးကို စစ်တွေမြို့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါစက်လှေ နစ်မြုပ်ရာသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်တွေ့ဆုံမေးမြန်း အားပေးစကား ပြောကြားခဲ့ကြသည်။ ပျောက်ဆုံးနေသူတစ်ဦးကို ပြန်လည်တွေ့ရှိ နိုင်ရေး စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger