www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 30, 2017

နိုင်ငံတော်ပိုင်သင်္ဘော ၁၁ စီးကို ရတနာပုံသင်္ဘောကျင်းတွင် ဇွန်လအတွင်း အကြီးစားပြုပြင်မှုများလုပ်ဆောင်မည်



မန္တလေး ၃၀-၄-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဧရာဝတီမြစ်အတွင်း သွားလာနေသည့် နိုင်ငံတော်ပိုင် သင်္ဘော ၁၁စီးကို ရတနာပုံသင်္ဘောကျင်းတွင် ဇွန်လအတွင်း အကြီးစားပြုပြင်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းရတနာပုံ သင်္ဘောကျင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ရတနာပုံ သင်္ဘောကျင်းတွင် နိုင်ငံတော်ပိုင်ရေယာဉ် လေးစီးကို အကြီးစား ပြန်လည်ပြင်ဆင်ပြုပြင်ခဲ့ပြီး ပုဂ္ဂလိကရေယာဉ်သုံးစီး အသစ်တည်ဆောက်ခြင်းနှင့် အဟောင်း ၃၆စီး တို့ကို လွန်းတင် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် လူစီးရေယာဉ်များကို နှစ်နှစ်တစ်ကြိမ်နှင့် တွဲရေယာဉ်များကို ငါးနှစ်နှစ်ကြိမ် အကြီးစားပြင်ဆင် ပြုပြင်ရန် သတ်မှတ်ထားပြီး ရတနာပုံသင်္ဘောကျင်း အနေဖြင့် ဧရာဝတီမြစ်ရေ မြင့်တက်သည့် အချိန်များတွင်သာ လွန်းတင်ပြင်ဆင် ပြုပြင်နိုင်ကြောင်း သိရသည်။

''သင်္ဘောတွေပြင်ဆင်ပြုပြင် မှာကို ဇွန်လလောက်မှ စတင်ပြင် ဆင်ပြုပြင်နိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ဧရာဝတီမြစ်ရေတက်မှသာ ပြင်ဆင်ပြုပြင်မှု လုပ်ငန်းတွေ စလို့ရမယ်။ ပုဂ္ဂလိကရေယာဉ်တွေအနေနဲ့လဲ ရတနာပုံသ င်္ဘောကျင်းဌာနကို အပ်ပြီးပြင်ဆင်ပြုပြင် တာတွေရှိသလို ကိုယ်တိုင်ပြင်ဆင်ပြုပြင်တာ တွေလဲရှိပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

ရတနာပုံသင်္ဘောကျင်းဌာနက ပုဂ္ဂလိကရေယာဉ်အသစ်တည် ဆောက်ခြင်းနှင့် အဟောင်းပြင်ဆင် ပြုပြင်ခြင်းလုပ်ငန်းများအတွက် မြေငှားရမ်းခအနေဖြင့် အလျားတစ်ပေကို တစ်ရက်လျှင် ငွေကျပ် ၁၂ဝပေး ချေရကြောင်း သိရသည်။

သင်္ဘောတည်ဆောက်ခြင်း အတွက် အဓိကလိုအပ်သည့် သံထည်ပစ္စည်းများကို တရုတ်နိုင်ငံ ထုတ်သံထည်များဖြင့် အများဆုံး အသုံးပြုလျက်ရှိပြီး ယခုလက်ရှိ အချိန်တွင် သံပြားတစ်တန်လျှင် ငွေကျပ် ၇ဝဝဝဝဝခန့်ရှိကြောင်း
သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger