www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 30, 2017

ဧရာဝတီမြစ်ရေတိုးလာ၍ မြေပဲများ ဆုံးရှုံးမှုမဖြစ်စေရန် မြေပဲနုတ်သူများကို ဈေးနှုန်းပိုပေးကာ နုတ်ယူနေရ



ကသာ ၃၀-၄-၂၀၁၇

ကသာမြို့နယ်တွင် ဧရာဝတီ မြစ်အတွင်း နုန်းတင်မြေနုကျွန်းများပေါ်၌ ဆောင်းသီးနှံဖြစ်သော မြေပဲများစိုက်ပျိုးထားရာ ဧပြီ ၂၈ရက်က ဧရာဝတီမြစ်ရေ ၆၁၇ စင်တီမီတာထိ မြင့်တက်လာသောကြောင့် မြေပဲခင်းများ ရေနစ်ဆုံးရှုံးမှုမဖြစ်စေရန် မြေပဲနုတ်သူများကို တစ်ရက်လျှင် ငွေကျပ် ၇ဝဝဝ နှုန်းထိ တိုးမြှင့်ပေးကာ နုတ်ယူနေရကြောင်း ကျွန်းမြေတွင် စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

ကသာမြို့နယ်အတွင်းရှိ နုန်းတင် မြေနုကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် မြေပဲများကိုအဓိက ထားစိုက်ပျိုးကြောင်း ဧရာဝတီမြစ်ရေ မြင့်တက်လာသောကြောင့် ရေလွှမ်းဧရိယာ ၆၉၆၇ ဒသမ ၄ ဧကရှိပြီး ဆောင်းမြေပဲနှင့်စပါးရေနစ်ပျက်စီးမှု ၁၃၂၂ ဒသမ ၃၅ ဧကရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှု စာရင်းများကို ကွင်းဆင်းကောက်ခံ လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကသာမြို့နယ်တွင် မျိုးမြေပဲ တစ်တင်းလျှင် ငွေကျပ်၄၃ဝဝဝဖြင့် ဝယ်ယူစိုက်ပျိုးကြပြီး ထွက်ရှိလာသော မြေပဲကိုတစ်ပိဿာလျှင် ငွေကျပ် ၂၄ဝဝ ဖြင့်ရောင်းချ နေရကြောင်း၊ မြေပဲဆုံးရှုံးမှုမဖြစ်စေရန် လုပ်သားများကို ပုံမှန်ဈေးငွေကျပ် ၅ဝဝဝ အစား ငွေကျပ် ၇ဝဝဝထိ တိုးမြှင့်ပေးကာ အချိန်လုနုတ်သိမ်း နေရကြောင်း တောင်သူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်ရေသည် ရွှေကူ ကသာနှင့် သပိတ်ကျင်းမြို့တို့တွင်လေးရက်အတွင်း ငါးပေမှ ခုနစ်ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့်ညောင်ဦးမြို့တို့၌ နောက်နှစ်ရက်မှ ခုနစ်ရက်အတွင်း ငါးပေမှ ခြောက်ပေခန့်၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သတနှင့်ဇလွန်မြို့တို့တွင် နောက်သုံးရက်မှ ၁ဝ ရက် အတွင်းလေးပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် အသီးသီး မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားချက်အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger