www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 28, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂျာမနီနိုင်ငံသို့ ရောက်ရှိ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား မြူးနစ်မြို့အခြေစိုက် G&D Security Printing ကုမ္ပဏီမှ ညစာဖြင့် တည်ခင်းဧည့်ခံစဉ်။


နေပြည်တော် ၂၈-၄-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီ ၂၆ ရက်တွင် ဂျာမနီနိုင်ငံ Tegel အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

လေဆိပ်တွင် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့အား ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်အောင်ကျော်မိုးနှင့်ဇနီး၊ ဂျာမနီတပ်မတော်မှ Commandant of the Engineers Training Center and Director of the Engineer Corps ဖြစ်သူ Brigadier General Lutz NIEMANN နှင့်ဇနီးတို့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြပြီး ခေတ္တတည်းခိုမည့်ဟိုတယ်သို့ ဆက်လက် ထွက်ခွာခဲ့ ကြသည်။

ယင်းနောက် ညနေပိုင်းတွင် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား မြူးနစ်မြို့ အခြေစိုက် G&D Security Printing ကုမ္ပဏီမှ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger