www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 30, 2016

မြန်မာ့ရိုးရာမြေထည်လုပ်ငန်း ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိ



ရေစကြို ၊ ၃၀-၅-၂၀၁၆

ရေစကြိုမြို့နယ် သက်ရွာကျေးရွာ မှ မြန်မာ့ရိုးရာ မြေထည် လုပ်ငန်းများကို ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက် လေ့လာလျက် ရှိကြောင်း သိရသည်။

ရေစကြို-ပခုက္ကူ ကားလမ်းဘေးရှိ အဆိုပါ ကျေးရွာသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လွယ်လင့်တကူ ဝင်ရောက် လေ့လာနိုင်သော နေရာဖြစ်သော ကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ မကြာခဏ လာရောက်ကြည့်ရှု လေ့လာကြောင်း ဒေသခံများက ပြောပြ၍ သိရသည်။

ပြင်သစ်နိုင်ငံသူ၊ နိုင်ငံသား ကိုးဦးတို့သည် မေ ၂၈ ရက် နံနက်တွင် Myanmar Tourex ခရီးသွားလုပ်ငန်း အစီအစဉ်ဖြင့် မုံရွာမြို့မှ ပုဂံမြို့သို့ အသွား ရေစကြိုမြို့နယ် သက်ရွာကျေးရွာ မြန်မာ့ရိုးရာ မြေထည်လက်မှု ပညာ အိုးလုပ်ငန်းခွင် သို့ ရောက်ရှိလာပြီး အုပ်လုပ်ရန် ခြေနင်း မောင်းဆုံဖြင့် မြေထောင်းနေပုံ၊ အိုးလုပ်နေပုံ များကို စိတ်ဝင်တစား လေ့လာ ကြသည်။ ထို့ပြင် အသက် ၈၆ နှစ်ရှိ အဘွားဒေါ်ချစ်အုံ နှင့် အမှတ်တရ ဓာတ်ပုံများရိုက်ပြီး သိလိုသည် များကိုလည်း မေးမြန်းကာ လက်ဆောင် ပစ္စည်းများ ကိုလည်း ပေးကြသည်။

ရေစကြိုမြို့နယ် အတွင်းမှ သက်ရွာကျေးရွာ သည် တစ်ရွာလုံး နီးပါး မြန်မာ့ရိုးရာ မြေထည် လက်မှုပညာ အိုးလုပ်ငန်းကို လုပ်ကိုင်ကြသော ကျေးရွာတစ်ရွာ ဖြစ်သည်။

သက်ရွာကျေးရွာ သည် သောက်ရေအိုး အမျိုးမျိုး၊ ပန်းအိုး အမျိုးမျိုး၊ ဟင်းချက်အိုး အမျိုးမျိုး ၊ အင်တုံ အမျိုးမျိုးနှင့် မြူအိုးများကို ပြုလုပ်ကြပြီး လွန်ခဲ့သော နှစ်တစ်ရာကျော် ကတည်းက မြန်မာ့ရိုးရာ မြေထည်လက်မှု လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (၁၄၈)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger