www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 3, 2016

ASEAN ICT Awards 2016 ပြိုင်ပွဲသို့ စိတ်ပါဝင်စားသူများ ၀င်ရောက် ယှဉ်ပြိုင်နိုင်



ရန်ကုန် ၊ ၃-၅-၂၀၁၆

ယခုနှစ်အတွက် ASEAN ICT Awards 2016 ပြိုင်ပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ခေါင်းစဉ် အမျိုးအစား ခြောက်ခု သတ်မှတ်ထားပြီး တစ်မျိုးချင်းစီ အတွက် ပထမ၊ ဒုတိယနှင့် တတိယဆု တို့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လို သူများ အနေဖြင့် ဇွန် ၁၇ ရက်အထိ ဝင်ခွင့်လျှောက်လွှာ နှင့်အတူ မိမိတို့ ယှဉ်ပြိုင်မည့် အကြောင်းအရာကို နှစ်မိနစ်မှ ငါးမိနစ်ခန့် ဗီဒီယိုဖိုင် ( .avi format ) ဖြင့်ပြုလုပ်၍ ayeayethinn@gmail. com သို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ASEAN ICT Awards ပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဆင့် (၄) ဆင့် သတ်မှတ် ကျင်းပခဲ့ပြီး ယခုနှစ် ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို www.aseanictaward.com တွင် ဝင်ရောက်ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဆုရရှိသူများကို ASEAN ICT Awards 2016 ဆုတံဆိပ်နှင့် အသိအမှတ်ပြု လက်မှတ်များကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger