www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 30, 2016

မြန်မာနိုင်ငံတစ်ဝန်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရသည့် ကျေးရွာများသို့ ငွေကျပ် ၂၂၆ သန်း အသုံးပြု၍ သောက်သုံးရေ ဖြန့်ဝေမည်



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ် မှုဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ကျေးရွာများသို့ ငွေကျပ် ၂၂၆ သန်း အသုံးပြု၍ သောက်သုံးရေ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ခုနစ်ခုအပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ နေရသည့် မြို့နယ်ပေါင်း ၁၇ဝ ကျော်ကိုပါ သောက်သုံးရေ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ပြင်းထန်သော အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသအတော် များများ၌ ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့ရလျက် ရှိကြောင်း၊ ထို့ကြောင့် အဆိုပါ ရေရှားပါးမှု ကြုံတွေ့နေရသည့် ကျေးရွာများသို့ နိုင်ငံတော် အစိုးရ၏ ပံ့ပိုးငွေကျပ် ၁၁၁ သန်းနှင့် သီးသန့် ရန်ပုံငွေကျပ် ၁၁၅ သန်းကို သုံးစွဲနိုင်ရေး အတွက် အဆင်သင့် ဖြစ်စေရန် စီစဉ်ထားသည် များလည်း ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ကျေးရွာ အများစုတွင် ရေရှားပါးမှု ကြုံတွေ့ နေရပြီး ဇန်နဝါရီလမှ စတင်ကာ ရေတွင်း၊ ရေကန်များ ခန်းခြောက် နေသည့်အတွက် သောက်သုံးရေ ရှားပါးမှု အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger