www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 29, 2016

ယခုနှစ် သရက်သီးကို သဘာဝအတိုင်း ထုပ်ပိုးရောင်းချခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြုပြင်ရောင်းချခြင်းကို ပိုမို လုပ်ဆောင်သင့်



မန္တလေး ၊ ၂၉-၂-၂၀၁၆

တန်ဖိုးမြှင့် သရက်ထုတ်ကုန် များမှာ ပြည်တွင်း ဈေးကွက် သာမက ပြည်ပဈေးကွက် တွင်ပါ အထိုက်အလျောက် နေရာရနေသည့် အတွက် ယခုနှစ်တွင် သရက်သီးကို သဘာဝအတိုင်း ထုပ်ပိုး ရောင်းချခြင်း ထက် သရက်ခြောက်၊ သရက်သီးသနပ်၊ သရက်ယို၊ သရက်ပျဉ်၊ အေးခဲသရက် စသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ပြုပြင် ထုတ်လုပ် ရောင်းချခြင်းကို ပိုမိုလုပ်ဆောင် သင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောပြသည်။

တစ်နိုင်ငံလုံးရှိ သရက်ခြံများမှ တစ်နှစ်လျှင် သရက်သီး တန်ချိန် ငါးသိန်းကျော် ထွက်ရှိပြီး မန္တလေးတိုင်း ဒေသကြီးမှ တန်ချိန် ၉ဝဝဝဝ ခန့် ထွက်ရှိကြောင်း၊ ပြည်တွင်း စားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် ၄ဝဝဝဝ ခန့်သာ ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး သရက် အစုအဖွဲ့ ၏ စာရင်းများ အရ သိရသည်။ ယခုနှစ် အတွက် ဖေဖော်ဝါရီလ သရက်ပွင့်ချိန် ခန့်မှန်းချက် များအရ ယခုနှစ် သရက်သီး ရာသီတွင် သရက် အထွက်နှုန်း များနိုင် သော်လည်း အယ်လ်နီညို ရာသီဥတုကြောင့် အလျင်အမြန် ရင့်မှည့်ခြင်း၊ ပုပ်သိုး လွယ်ခြင်းများ ဖြစ်နိုင်သဖြင့် ပြည်ပသို့ တင်ပို့ သည့်အခါ ဈေးကွက် ပျက်နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေ က ပြောပြသည်။

''လောလောဆယ် သရက်ပွင့်တဲ့ အနေအထားကို ကြည့်ပြီး ခန့်မှန်းရမယ် ဆိုရင် ဒီနှစ် သရက်သီးက အသီးများ လိမ့်မယ်။ ဒါ့ပြင် အယ်လ်နီညို ကြောင့် ရာသီဥတုကလဲ တအားပူလာမှာ ဖြစ်တဲ့အတွက် အထားမခံဘဲ အမှည့်မြန် ပါမယ်။ ဒီကြားထဲ မူဆယ် ဈေးကွက်ကို တင်ပို့တဲ့အချိန် ကားလမ်းတွေ ပိတ်တာမျိုး ဖြစ်ရင် တစ်ရက်နဲ့ ရောက်ရမယ့် အသီးက သုံး၊ လေး ရက်ကြာပြီး လမ်းမှာ ပုပ်သိုးတာ တွေလဲ ဖြစ်နိုင်တယ်။ ပြည်တွင်း ဖြုန်းအား ကလဲ တစ်နိုင်ငံလုံး အထွက်နှုန်းရဲ့ ဆယ်ပုံတစ်ပုံ လောက်ပဲရှိလို့ ထွက်သမျှ အသီးကို ပြည်တွင်းမှာပဲ ကုန်အောင် ရောင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် အကြံပေးချင် တာက ဒီနှစ်မှာတော့ သရက်သီး တွေကို ကြာရှည်ခံ အောင် စီမံ ပြုပြင်ပြီးမှ ဈေးကွက်တင် ရောင်းချတာကို မဖြစ်မနေ လုပ်ရမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger