www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 26, 2016

နောက်ဆုံးပေါ် ကားနည်းပညာများကို ခံစားကြည့်ရှုနိုင်မည့် ကားပြပွဲ ကျင်းပမည်


Mazda 3, CX-5

ရန်ကုန် ၊ ၂၆-၁-၂၀၁၆

နိုင်ငံတကာတွင် အောင်မြင် ကျော်ကြားလျက်ရှိသည့် ဂျပန်နိုင်ငံ၏ ထိပ်တန်းကား အမှတ်တံဆိပ် တစ်ခုဖြစ်သော Mazda မှ နောက်ဆုံးပေါ် နည်းပညာများ ခင်းကျင်း ပြသမည့် ကားပြပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ၃ဝ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာပလာဇာ ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Mazda ကားပြပွဲကို မြန်မာနိုင်ငံ တရားဝင် ကိုယ်စားလှယ် ဖြစ်သော Automobile Alliance Co.,Ltd ကကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
.
လေးရက်ကြာ ကျင်းပမည့် Mazda ကားပြပွဲတွင် Mazda ကားအမျိုးအစား မျိုးစုံကို ခင်းကျင်းပြသမည် ဖြစ်ပြီး စမ်းသပ်မောင်းနှင် နိုင်မည့် အခွင့်အရေးလည်း ရရှိမည် ဖြစ်သည်။
.
Mazda ကားပိုင်ရှင်များ ကားပြုပြင် ထိန်းသိမ်းခြင်း စာရင်းပေးသွင်း မှုကို ပြပွဲကာလ အတွင်း ဆားဗစ် ကောင်တာတွင် ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် လာရောက် ကြည့်ရှုသူ များ၏ လိုအပ်ချက် များနှင့် စုံစမ်းမေးမြန်းမှု များကို ဖြေကြားရန် အတွက် အတွေ့အကြုံရင့် အရောင်းပိုင်း ဆိုင်ရာ အတိုင်ပင်ခံများ ကိုလည်း စီစဉ် ပေးထားမည် ဖြစ်သည်။
.
ယင်းအပြင် ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့ အတွင်း ဂျပန်နိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး ကားဆုအပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည့် Mazda 2 ကို မိတ်ဆက်မည် ဖြစ်ပြီး Mazda ၏ အခြား မော်ဒယ်လ်များ ဖြစ်သည့် Mazda 3, CX-5 နှင့် BT-50 တို့ကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
.
ကောင်းစစ်နိုင်
.
မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger