www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 26, 2016

ရန်ကုန်မြစ်ဝအနီး ဗီယက်နမ်ကုန်တင်သင်္ဘော နစ်မြုပ် သင်္ဘောအမှုထမ်း ၁၄ ဦးကယ်တင်နိုင်ခဲ့



ရန်ကုန် ၊ ၂၆-၁-၂ဝ၁၆

ရန်ကုန်မြစ်ဝအနီး ပင်လယ်ပြင် လမ်းသာယာမီးပြ အရှေ့တောင်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာ၌ ကျောက်ချရပ်နား ထားသော ဗီယက်နမ်နိုင်ငံမှ ကုန်တင်သင်္ဘော MV DONG THIEN PHU သည်ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် အရှေ့ဘက်မှ လေပြင်း တိုက်ခတ်မှုကြောင့် လှိုင်းကြီး၍ ရာသီဥတု ဆိုးဝါးလာပြီး ကျောက်မျောကာ အနီးတွင် ကျောက်ချ ရပ်နားထားသည့် ဆီတင်သင်္ဘော OCEAN OSPREY နှင့်တိုက်မိပြီး နစ်မြုပ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါနစ်မြုပ်မှု ဖြစ်စဉ်တွင် ဗီယက်နမ် ကုန်တင်သင်္ဘော MV DONG THIEN PHU ကို ဆီတင် သင်္ဘော၏ ဦးပိုင်းနှင့် ထိခိုက်မိပြီး ရေဝင်နစ်မြုပ်ခဲ့ခြင်း ဖြစ်၍ မူလကျောက်ချ ထားသည့်နေရာမှ ၂ မိုင်ခန့် အကွာတွင် ဦးပိုင်း အနည်းငယ်ပေါ်သည့် အနေအထား ဖြင့် နစ်မြုပ်သွား ခဲ့ကြောင်း သိရသည်။

ဗီယက်နမ် ကုန်တင်သင်္ဘော MV DONG THIEN PHU ပေါ်ပါ သင်္ဘောအမှုထမ်း ၁၄ ဦးအား ကယ်ဆယ်ရေး အဖွဲ့မှ ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီယက်နမ်ကုန်တင် သင်္ဘောသည် အထွေထွေ ကုန်တင်သင်္ဘော ဖြစ်ပြီး ၂ဝဝ၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဗီယက်နမ် အလံတင်သင်္ဘော ဖြစ်သည်။ ယင်းသင်္ဘော အရှည်မှာ ၈၄ မီတာနှင့် ဗြက် ၁၃ မီတာရှိကာ သင်္ဘော နစ်မြုပ်မှုကြောင့် သင်္ဘောပေါ်တွင် ပါရှိသည့် ဘိလပ်မြေအိတ် တန်ချိန် ၃၅၁၁ တန်ဆုံးရှုံး ခဲ့ကြောင်းနှင့် ဆီတင်သင်္ဘောမှာ ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger