www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 25, 2015

Yangon Lifestyle Furniture Fair 2015 ပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၅-၈-၂၀၁၅

ပြည်တွင်းရှိ ပရိဘောဂ လုပ်ငန်း လုပ်ကိုင်ကြသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ သီတင်းကျွတ် အကြို ပရိဘောဂ ပြပွဲကြီးအဖြစ် Yangon Lifestyle Furniture Fair 2015 ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ သြဂုတ် ၂၇ ရက်မှ ၃၁ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲ ဖြစ်မြောက်ရေး အတွက် Thousand Islands Business Group မှ Organizer အဖြစ် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး Casabella Furnishing Centre ၊ Sweety Home ၊ INHOUSE  ၊ စိန်နှင့်မြ မွေ့ရာ ပရိဘောဂ စသည့်လုပ်ငန်း များက အဓိကပံ့ပိုး ကူညီကြကြောင်း သိရသည်။

Yangon Lifestyle Furniture Fair 2015 ပရိဘောဂ ပြပွဲသည် ရန်ကုန်မြို့၌ ကျင်းပလေ့ရှိသော ရောင်းအား မြင့်မားသည့် အရောင်းပြပွဲများ ထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပ ခဲ့သည်။

ယခု ကျင်းပမည့် ပရိဘောဂ ပြပွဲတွင် ကုမ္ပဏီပေါင်း ၃ဝ ကျော်မှ ပြခန်းပေါင်း များစွာ ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပထုတ် ပရိဘောဂ ပစ္စည်းများ၊ မင်္ဂလာခန်းဝင် ပစ္စည်းများနှင့် အိမ်သုံး အလှဆင် ပစ္စည်းများကို အမျိုးအစား စုံလင်စွာ ပြသရောင်းချ ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ပြီး ပြပွဲသို့ လာရောက် ကြည့်ရှုသော ဝယ်ယူ အားပေးသူများ ထဲမှ ငွေကျပ် ၁ဝ သိန်းဖိုးနှင့် အထက် ဝယ်ယူသူများကို တီဗွီ၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ ဒီဗီဒီ၊ မွေ့ရာနှင့် တခြားသော ပရိဘောဂ ပစ္စည်းများ အပါအဝင် ဆုမဲပေါင်း များစွာ ကံစမ်းမဲ ဖောက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြဝတီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger