နေပြည်တော် ၊ ၂၇-၅-၂၀၁၅
လောက်ကိုင်ဒေသ အတွင်း တည်ငြိမ်အေးချမ်း လာပြီဖြစ်၍ ပညာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် လောက်ကိုင်သို့ ပြန်လည် တာဝန် ထမ်းဆောင်ရန် ရောက်ရှိ လာသော ဆရာ၊ ဆရာမ ၁၆၃ ဦးနှင့် ဒေသခံဆရာ၊ ဆရာမ ၈၇ ဦး၊ စုစုပေါင်း ၂၅ဝ ဦးအား မေ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ စစ်အုပ်ချုပ်ရေး ဒေသမှူး ဗိုလ်မှူးကြီး စောမြင့်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက တွေ့ဆုံ အမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
လောက်ကိုင်ဒေသ သို့ ပြန်လည် ရောက်ရှိလာသူ ဆရာ၊ ဆရာမ ၁၆၃ ဦးရှိပြီး ကျန်ရှိသူ ဆရာ၊ ဆရာမ ၄၈၁ ဦးအား ပညာရေး ဝန်ကြီးဌာနမှ စိစစ် စေလွှတ်ပေးလျက် ရှိကြောင်း သိရှိရသည်။
#Themyawadydaily


No comments:
Post a Comment