www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 29, 2015

လာမည့်နှစ်များတွင် အာဆီယံနိုင်ငံများ၏ စံနှုန်းနှင့်ညီစေရန် ပညာရေးအသုံးစရိတ် ထပ်မံတိုးမြှင့်မည်



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်မှာ အစိုးရ အသုံးစရိတ် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းခန့် ရှိပြီး လာမည့်နှစ် များတွင် အာဆီယံနိုင်ငံ များ၏ စံနှုန်းနှင့် ညီစေရန် ထပ်မံ တိုးမြှင့်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး က မြန်မာနိုင်ငံ ၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ရသုံးမှန်းခြေ ငွေစာရင်း နောက်ဆက်တွဲ စကားဝိုင်း ဆွေးနွေးပွဲ၌ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ် များကို လေ့လာ ကြည့်လျှင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် အစိုးရ အသုံးစရိတ် စုစုပေါင်း၏ ၃ ဒသမ ၈၈၂ ရာခိုင်နှုန်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၄၄ ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် တွင် ၅ ဒသမ ၉၉ ရာခိုင်နှုန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း ကျော် အသီးသီး ရှိကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် အစိုးရ အသုံးစရိတ် စုစုပေါင်းမှာ ငွေကျပ် ၂ဝ၆၁၃ ဘီလီယံရှိပြီး ပညာရေး အသုံးစရိတ်မှာ ငွေကျပ် ၁၃၉၉ ဘီလီယံ ကျော်ရှိကာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ပညာရေး အသုံး စရိတ်သည် ငွေကျပ် ၃၁ဝ ဘီလီယံ ကျော်ရှိရာမှ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်တွင် လေးဆကျော် အထိ တိုးမြင့် လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အာဆီယံ နိုင်ငံများတွင် ပညာရေး အသုံးစရိတ် သည် သက်ဆိုင်ရာ နိုင်ငံ အစိုးရ အသုံးစရိတ် ၏ ပျမ်းမျှ ၁၃ ရာခိုင်နှုန်း မှ ၁၄ ရာခိုင်နှုန်း အထိ ရှိနေပြီး မြန်မာနိုင်ငံ တွင်လည်း ပညာရေး အသုံးစရိတ် များကို
ထပ်မံတိုးမြှင့် သွားမည်ဖြစ်ကာ လာမည့် နှစ်များအတွင်း အာဆီယံ အဆင့်ကို ပြည့်မီရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger