CT 160 Slice ရောဂါရှာဖွေရေးစက်
ရန်ကုန် ၊ ၁၂-၃-၂၀၁၅
လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားမှု များလာသော အဖု အကျိတ် အလုံးများကို ရောဂါအဆင့် ရောက် - မရောက် စောစီးစွာ သိရှိနိုင်ရန် အဆင့်မြင့် ရောဂါ ရှာဖွေရေးစက်များ အသုံးပြု စစ်ဆေးနိုင်မည့် ဓာတ်မှန်စက် များနှင့် ကျန်းမာရေး ဓာတ်ခွဲခန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့က အလုံမြို့နယ် နှင်းဆီကုန်းလမ်း ရှိ နီနီ ရောဂါရှာဖွေရေး နှင့် အထူးကု ဆေးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
'' CT 160 Slice ရောဂါရှာဖွေတဲ့ စက်က လူနာတစ်ဦးကို ခေါင်းကနေ တင်ပါးဆုံအထိ စစ်ဆေးလို့ ရတယ်။ ဒီစက်က 0.5 mm ရှိတဲ့ အရာဝတ္ထု အသေးဆုံးအထိ စစ်ဆေး နိုင်တယ်။ လူနာ တစ်ယောက်ကို ဓာတ်မှန်ရိုက်ရင် 0.5 mm နဲ့ ရိုက်တာဆိုတော့ ဘယ်လောက် သေးတဲ့ အဖုအကျိတ် လေးတွေပဲ ဖြစ်ဖြစ် အကုန်မြင် ရတယ်။ ရောဂါ သေးသေးလေး ကအစ မြင်နိုင်တယ်။ ဒီမှာက လူနာအနေ နဲ့ ဘာရောဂါမှန်း မသိဘဲ Whole Body Check up လာပြီး ရိုက်တာလည်း ရှိတယ်။ အဲဒါက ခေါင်းကနေ တင်ပါးဆုံ အထိပေါ့။ တချို့တွေ ကျတော့ ခေါင်းမှာ အလုံးဖြစ်တာပဲ ဖြစ်ဖြစ်၊ ဗိုက်ထဲမှာ အကျိတ်ဖြစ်တာ၊ အဆုတ်မှာ အကျိတ်ဖြစ်တာ၊ အဲဒီလို အခါမျိုးဆိုရင် ဒီအကျိတ်က အန္တရာယ် ရှိနိုင်လား၊ ဒီအတိုင်းထားရင် ရလားဆိုပြီး သိအောင် ရိုက်လို့ရတယ်။ အဲဒီလို ရိုက်ရင်တော့ ဆေးသွင်းပြီး ရိုက်ရတယ်။ အဲဒီလိုရိုက်မှ အလုံးက ဆေးစုပ်တာနဲ့ တခြား အခြေအနေတွေ အပေါ် မူတည်ပြီး ဓာတ်မှန် ဆရာဝန်က အဖြေပေးရတာ။ ရိုးရိုး အကျိတ်ဆိုရင် ခွဲစရာ မလိုဘူး။ ခွဲရမယ်ဆိုလည်း ရောဂါ မနှောင်းခင် သိမယ်။ ရိုးရိုးပဲ Whole Body Check up က သွေးကြောထဲ ဆေးသွင်းစရာ မလိုဘဲ ရိုက်မယ်ဆိုရင် ငွေကျပ် လေးသိန်းလောက် ကုန်မယ်။ အဲဒီလို လုပ်တဲ့အခါမှ မသင်္ကာစရာတွေ တွေ့လို့ တွေ့တဲ့အပိုင်း ဆေးထိုးပြီး ရိုက်ရမယ်ဆိုရင် ဆေးဖိုးက ငွေကျပ် ခြောက်သောင်းနဲ့ လေးသောင်း ကုန်ကျစရိတ် ရှိပါတယ်'' ဟု CT Slice အခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နီနီ ရောဂါရှာဖွေရေး အထူးကု ဆေးခန်း၌ ကင်ဆာရောဂါ အမျိုးမျိုးနှင့် နှလုံးရောဂါ၊ အစာအိမ် အူလမ်းကြောင်း ရောဂါနှင့် တခြားရောဂါ များစွာကို ကုသရေး၊ ရောဂါ ရှာဖွေရေးနှင့် ဓာတ်ခွဲ စစ်ဆေးပေးခြင်း တို့ကိုလည်း နိုင်ငံရပ်ခြားသို့ သွားရောက် ကုသရာတွင် အချိန်ပေး စောင့်ဆိုင်းစရာ မလိုဘဲ မိမိနိုင်ငံ ၌ပင် ကျန်းမာရေး အခြေအနေများကို စစ်ဆေး ကုသနိုင်ပြီ ဖြစ်ကြောင်းနှင့် စင်ကာပူနိုင်ငံရှိ ဆေးရုံများတွင် တာဝန် ထမ်းဆောင်နေဆဲ ဖြစ်သော ဆရာဝန်ကြီး များက တစ်လလျှင် တစ်ကြိမ် လာရောက် ကုသမှုများ ပြုလုပ် ပေးမည် ဖြစ်ကြောင်း သိရသည်။
မိုးအောင် ၊ ဆုလာဘ်
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment