www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 12, 2015

နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြား လာခြင်းနှင့်အတူ မြန်မာ့ရိုးရာလက်မှု အနုပညာထုတ်ကုန်များ ရောင်းအားမြင့်လာ




ရန်ကုန် ၊ ၁၂-၃-၂ဝ၁၅

နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြားလာခြင်း နှင့်အတူ မြန်မာ့ရိုးရာ လက်မှုပညာ ထုတ်ကုန်များ ရောင်းအားမြင့်တက် လာကြောင်း ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အခြေစိုက် မြန်မာ့ရိုးရာ လက်မှု အနုပညာ ပစ္စည်း အရောင်းဆိုင် များမှ သိရသည်။

အဓိကအားဖြင့် မြန်မာ့လက်မှု ပညာဖြင့် ပြုလုပ်ထားသော ပစ္စည်းများ ဖြစ်သည့် ရုပ်သေး ၊ ရွှေချည်ထိုး၊ ပန်းပု၊ ကျောက်စိမ်းပန်းပု နှင့် ချည်ထည်များ ရောင်းချရမှု များတွင် ဈေးနှုန်းများ နေ့စဉ်မြင့်တက် နေကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေး ရှိ မြန်မာ့လက်မှု အနုပညာ ပစ္စည်းများ ရောင်းချနေသူ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မြန်မာ့ရိုးရာ လက်မှုပညာ ပစ္စည်းများ ရောင်းအားမြင့်တက် လာခြင်းမှာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု များပြားလာခြင်း ကြောင့်ဖြစ်ပြီး ခရီးသွား အေဂျင်စီများ က မြန်မာ့ရိုးရာ လက်မှု အနုပညာ ပစ္စည်း အရောင်းဆိုင် များကို ဈေးဝယ် ခရီးစဉ်အတွင်း ထည့်သွင်းထားမှု ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ ရွှေချည်ထိုး တစ်ချပ်လျှင် အမေရိကန် ဒေါ်လာ ၂ဝ မှ အမေရိကန် ဒေါ်လာ ၃ဝဝ ကျော်အထိ ဈေးရှိကြောင်း၊ အမှတ်တရ အနေဖြင့် မြန်မာ့ရိုးရာ အနုပညာလက်ရာ ပစ္စည်းများထဲမှ ပြည်ပသို့ သယ်ဆောင် ရာတွင် ရုပ်သေး၊ ပန်းပု၊ ကျောက်စိမ်းပန်းပု နှင့် ချည်ထည်များထက် အဆိုပါ ရွှေချည်ထိုးချပ် များကို ပိုမိုဝယ်ယူ ကြခြင်း ဖြစ်ကြောင်းနှင့် အမှတ်တရ လက်ဆောင် အဖြစ် ပေးရာတွင်လည်း မျက်နှာပန်း လှကြောင်း ဝါရင့် ဂျာမန် ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ကိုသန်းထွန်းဦး က ပြောသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger