www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 6, 2015

မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် အသိပညာပေးရေး အစီအစဉ်သစ်များ တိုးချဲ့ဆောင်ရွက်မည်



ရန်ကုန် ၊ ၆-၁-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် ကျွန်းတောလမ်း နှင့် ဟံသာဝတီ လမ်းထောင့်တွင် ဖွင့်လှစ် ထားသော မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက် သို့ လာရောက်ကြည့်ရှု လေ့လာကြသော လူငယ် လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး သုံးစွဲလျှင် ကြုံတွေ့ လာနိုင်သည့် ဘေးအန္တရာယ်၊ ဆိုးကျိုးများ ကို ပိုမိုသိရှိ နားလည်လာ စေပြီး ရှောင်ကြဉ်ကြ စေရန် ယင်းပြတိုက် အတွင်း၌ ပညာပေး ဗီဒီယို ဇာတ်လမ်းများ ပြသခြင်း၊ ပရိုဂျက်တာများ၊ ပါဝါပွိုင့်များ အသုံးပြု၍ ရှင်းလင်း ပြောကြားခြင်း စသည့် အစီအစဉ်သစ် များကို တိုးချဲ့ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ်သစ် များကို မကြာမီ စတင် လုပ်ဆောင်ရန် သက်ဆိုင်ရာမှ တာဝန်ရှိ သူများက စီစဉ် ဆောင်ရွက်လျက် ရှိပြီး ထိုကဲ့သို့ ဆောင်ရွက် ခြင်းဖြင့် ပြတိုက်သို့ လာရောက် လေ့လာကြသော ကလေး သူငယ်၊ လူငယ် လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူ များသည် မူးယစ်ဆေးဝါး များ၏ ဘေးအန္တရာယ် များ၊ ဆိုးကျိုးများကို ပိုမို ရှင်းလင်းစွာ သိရှိနားလည် လာမည် ဖြစ်ကြောင်း မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ အဆိုပါ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်ကို မူးယစ်ဆေးဝါး ဘေးအန္တရာယ် များနှင့် ပတ်သက်၍ အသိပညာ ပေးရန်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း နှင့် ရောင်းဝယ် ဖောက်ကားခြင်း ပပျောက် သွားစေရန် စသည့် ရည်ရွယ်ချက် များဖြင့် ၂ဝဝ၁ ခုနှစ် ဇွန် ၂၆ ရက်တွင် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြတိုက် ဝင်ကြေးအဖြစ် ပြည်တွင်းမှ နိုင်ငံသား တစ်ဦးလျှင် မြန်မာငွေကျပ် ၁ဝဝ ၊ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ စသည်ဖြင့် ကောက်ခံလျက် ရှိပြီး အခြေခံပညာ ကျောင်းများမှ လာရောက် လေ့လာ ကြသော ကျောင်းသား၊ ကျောင်းသူ များအား အခမဲ့ ဝင်ရောက် ကြည့်ရှုခွင့်ပြု ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger